Tuesday, August 11, 2020

နိုင်ဂျီးရီးယား အဆိုတော်တစ်ဦး ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံရ

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကန်နိုပြည်နယ်မှာ နေထိုင်တဲ့ ဂီတပညာရှင်တစ်ဦးကို တမန်တော် မိုဟာမက်အပေါ် စော်ကားမှုနဲ့ ကြိုးမိန့်သေဒဏ်ပေးလိုက်ကြောင်း သိရပါတယ်။
မတ်လအတွင်းက WhatsApp ကနေ ဖြန်ချိခဲ့တဲ့ သီချင်းတစ်ပုဒ်နဲ့ပတ်သက်ကာ ယာဟာယာ ရှာရစ် အေမင်နူ မှာ ဘာသာရေးစော်ကားမှု ကျူးလွန်သည့်စွဲချက်ဖြင့် အပြစ်ရှိကြောင်း ကန်နိုပြည်နယ် Hausawa Filin Hockey ဧရိယာရှိ ရှာရီယာ အထက်တ ရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စတာ ရှာရစ် အေမင်နူ က စွဲချက်တွေကို ငြင်းဆိုခဲ့ခြင်းမရှိပါဘူး။ သူ့အနေနဲ့ စီရင်ချက်အပေါ် အယူခံဝင်နိုင်ကြောင်း တရားသူကြီး ခါဒီအလီယူ မိုဟာမက်ကာနီ က ပြောဆိုပါတယ်။
မွတ်ဆလင်အများစုနေရှိရာ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ပြည်နယ်တွေဟာ လောကီဥပဒေ၊ မွတ်ဆလင်မဟုတ်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိသော ဘာသာရေးဆိုင်ရာ ရှာရီယာဥပဒေ နှစ်မျိုးလုံးကို ကျင့်သုံးကြပါတယ်။
၁၉၉၉ ခုနှစ်က သေဒဏ်အပြစ်ပေးမှုကို ပြန်လည်ကျင့်သုံးခဲ့ပြီးနောက်ပိုင်း ရှာရီယာတရားရုံးတွေက ချမှတ်ခဲ့တဲ့ သေဒဏ်ပြစ်ဒဏ် တစ်ကြိမ်သာရှိသေးတယ်လို့ သိရပါတယ်။ သီချင်းရေးစပ်ခဲ့ပြီးနောက် ပုန်းအောင်းနေထိုင်ခဲ့ရတဲ့ အဆိုတော်ဟာ လက်ရှိမှာ ထိန်းသိမ်းခံထားရပါတယ်။ သူ့ အပေါ် မကျေနပ်သူတွေက သူ့ရဲ့မိသားစုနေအိမ်ကို ဖျက်ဆီးပစ်ခဲ့ပြီး Hisbah လို့သိကြတဲ့ အစ္စလာမ်မစ် ရဲတပ်ဖွဲ့ရုံးချုပ်ရှေ့ကို သွားရောက်စုရုံးကာ သူ့အပေါ် အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment