Tuesday, August 18, 2020

အမြန်လမ်းမကြီးပေါ် အထူးသတိထား မောင်းနှင်ရမယ့်နေရာများထုတ်ပြန်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ယာဉ်တွေ မောင်းနှင်ရာမှာ အထူးသတိ ထားရမယ့်နေရာတွေကို ထုတ်ပြန်လိုက်ကြောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရပါတတယ်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကွပ်ကဲမှု အောက်မှာရဲစခန်း(၁၆)ခုရှိပြီး အခုထုတ်ပြန်လိုက်တဲ့နေရာတွေဟာ ရဲစခန်းအပိုင်နယ်မြေ(၁၆)ခုအတွင်းက နေရာတွေကိုထုတ်ပြန်ထားတာ လို့သိရပါတယ်။အမြန်လမ်းမမှာ နှစ်အလိုက်ဖြစ်ပွားခဲ့တဲ့ အမှုဖြစ်ပွားမှု စာရင်းတွေကိုအမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကိုဖြစ်ရတဲ့နေရာနေ့ရက်၊အကြောင်းအရင်း တွေကို လစဉ်တင်ပြရပြီး အဲ့ဒီလို တင်ပြရာမှာ ရဲစခန်းအပိုင်တစ်ခုချင်း စီမှာယာဉ် တိုက်မှု အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့နေရာတွေကို တွက်ချက်သုံးသပ်တင် ပြခဲ့ရာမှ အခု(၁၆)နေရာကို သတိပေး ထုတ်ပြန်နိုင်တာလို့ အမြန်လမ်း ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးမျိုးလင်းသန့်က ပြောပါတယ်။ယာဉ်မတော်တဆ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာပုံသေတော့ မရှိပေမယ့်အမြန်လမ်းအချို့နေရာတွေမှာလမ်းအကွေ့ အ‌ကောက် တွေ၊လမ်းဆင်းတွေ၊လမ်းထောင့်တွေရှိနေပြီး မိုင်၄၀ ၃ဖာလုံ၊ ၄၈မိုင်၊ ၅၂မိုင် နေရာတွေမှာ ဆိုရင်ကတ္တရာခင်းပြီး လမ်းဖြောင့်နေတာကြောင့် ရှိန်နှုန်းမြင့်မောင်းရင်း အိပ်ငိုက်တာ၊ တာယာပွင့်တာ၊ ဂျိုင်းဘောကြွေ တာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဗောဓိကုန်း၁၂၅၊ ၁၃၄ ၊၁၂၅ ၊၂၂၃ ရန်ကုန်- မန္တလေး၊ မန္တလေး-ရန်ကုန် တံတားအဆင်းနားမှာ ရေဝပ်တာ ကြောင့် လမ်းဘေးပါသွားတာ၊ လမ်းလယ်ကျွးန်ပေါ်ရောက် သွားတာ၊ မြေဆွဲစလစ်ဖြစ်တာ တွေလည်း ဖြစ်ပေါ်တတ်တယ် လို့သိရပါ တယ်။ အမြန်လမ်းမှာ ၂၀၂၀ ဇန်နဝါရီ(၁)ရက် မှ ဩဂုတ်(၁၆)ရက်နေ့ အထိ ယာဉ်မတော်တဆမှုစုစုပေါင်း (၂၇၁)မှုရှိပြီး သေဆုံးသူအမျိုးသား(၄၂)ဦး ၊အမျိုးသမီး(၁၃)ဦး၊ ဒဏ်ရာရ အမျိုးသား(၂၀၁)ဦး၊အမျိုးသမီး(၁၀၇)ဦး ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲမှ သိရပါတယ်။
Crd : အမြန်လမ်းရဲတပ်ဖွဲ့ #Myanmar_Online_News

0 comments:

Post a Comment