Wednesday, August 26, 2020

စစ်တွေမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးလျှင် ဆန်(၁ဝ)ပြည်၊ ဆီ(၁)ပိဿာအပါအဝင် ရိက္ခာ(၅)မျိုးထောက်ပံ့မည်

Covid -19 ရောဂါပြန့်ပွားမှု မြန်နေသော ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ပညာရေး ဝန်ထမ်းများအား ပညာရေးဝန်ကြီးဌာနမှ ဆန်(၁ဝ) ပြည်၊ ဆီ(၁)ပိဿာ အပါအဝင် ရိက္ခာ(၅) မျိုးထောက်ပံ့သွားမည်ဟု သတင်း ရရှိသည်။
ထောက်ပံ့ကူညီမည့် ပစ္စည်းများမှာ ဆန်(၁ဝ) ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ ကုလားပဲ (၅ဝ) ကျပ်သားနှင့် ဆား(၁) ပိဿာ ဖြစ်ပြီး ၎င်းရိက္ခာပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်ငွေ ၃ သောင်းနှင့် ညီမျှကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တွေမြို့နယ် အတွင်းရှိ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများ အားလုံးပါဝင်သည်ဟု သိရသည်။
Ref ; Narinjara

0 comments:

Post a Comment