Sunday, August 9, 2020

သိပ္ပံဘာသာတွဲ အမှတ်အများဆုံးရရှိသူ(၁၂)ဦးတွင် ရန်ကုန်တိုင်း ဒေသကြီးမှ (၁၀)ဦး ပါဝင်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံးရရှိသူစာရင်းတွင် သိပ္ပံဘာသာတွဲမှ အမှတ်အများ ဆုံး ရရှိသူ(၁၂)ဦးမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၁၀)ဦးရရှိခဲ့ပြီး ဝိပ္ပံဘာသာတွဲမှ အမှတ်အများဆုံးရရှိသူ (၁၁)ဦးမှာ (၃)ဦးရရှိခဲ့ကြောင်း သိရပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံးရရှိသည့် ပထမ ဒုတိယ တတိယ စာရင်းမှာလည်းရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦးဝင်ရောက်ခဲ့ပါသည်။
စုစုပေါင်းရမှတ် (၅၅၂)မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူအဖြစ် အထက (၁) ဒဂုံ၊ ရန်ကုန်တိုင်းဒေသကြီးမှ မမေသက်ထွန်းကရရှိပြီး စုစုပေါင်းရမှတ် (၅၅၀)မှတ်ဖြင့် တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးရရှိသူအဖြစ် ပညာ‌ရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းကမာရွတ်မှ မဆုပြည့်ပြည့်စံကရရှိကာ စုစုပေါင်းရမှတ် (၅၄၉)မှတ်ဖြင့် တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိသူများ အဖြစ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းကမာရွတ်မှ မောင်ဇင်လှိုင်ထူးနှင့်အထက(၁)ဒဂုံမှ မကျော့ဟေမာန်မျိုးတို့ကပူးတွဲရရှိ‌ကြောင်း ရန်ကုန်တိုင်းဒေသကြီးပညာ‌ရေးမှူးရုံးမှ သိရှိရပါသည်။
>>Zawgyi<<
သိပ္ပံဘာသာတွဲ အမှတ်အများဆုံးရရှိသူ(၁၂)ဦးတွင် ရန်ကုန်တိုင်း ဒေသကြီးမှ (၁၀)ဦး ပါဝင်
Sunday, August 9, 2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံးရရှိသူစာရင်းတွင် သိပ္ပံဘာသာတွဲမှ အမှတ်အများ ဆုံး ရရှိသူ(၁၂)ဦးမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၁၀)ဦးရရှိခဲ့ပြီး ဝိပ္ပံဘာသာတွဲမှ အမှတ်အများဆုံးရရှိသူ (၁၁)ဦးမှာ (၃)ဦးရရှိခဲ့ကြောင်း သိရပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံးရရှိသည့် ပထမ ဒုတိယ တတိယ စာရင်းမှာလည်းရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦးဝင်ရောက်ခဲ့ပါသည်။
စုစုပေါင်းရမှတ် (၅၅၂)မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူအဖြစ် အထက (၁) ဒဂုံ၊ ရန်ကုန်တိုင်းဒေသကြီးမှ မမေသက်ထွန်းကရရှိပြီး စုစုပေါင်းရမှတ် (၅၅၀)မှတ်ဖြင့် တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးရရှိသူအဖြစ် ပညာ‌ရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းကမာရွတ်မှ မဆုပြည့်ပြည့်စံကရရှိကာ စုစုပေါင်းရမှတ် (၅၄၉)မှတ်ဖြင့် တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိသူများ အဖြစ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းကမာရွတ်မှ မောင်ဇင်လှိုင်ထူးနှင့်အထက(၁)ဒဂုံမှ မကျော့ဟေမာန်မျိုးတို့ကပူးတွဲရရှိ‌ကြောင်း ရန်ကုန်တိုင်းဒေသကြီးပညာ‌ ရေး မှူးရုံးမှ သိရှိရပါသည်။

0 comments:

Post a Comment