Wednesday, August 19, 2020

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ပါက တရားမဝင်လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို မြေလှန်ရှာ၍ ဖယ်ရှားမည်ဖြစ်ကြောင်း ပြောကြား

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်မည်ဆိုပါက မြန်မာနိုင်ငံအတွင်း တရားမဝင်လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို မြေလှန်ရှာ၍ တည်ဆဲဥပဒေနှင့်အညီ ဖယ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။
ပါတီဥက္ကဌ ဦးသန်းဌေးအနေဖြင့်လည်း ရွေးကောက်ပွဲအနိုင်ရရှိလျှင် တရားမဝင်နေထိုင်သည့် နိုင်ငံခြား သားများအား မြေလှန်ရှာ၍ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်ကြောင်း သိရသည်။
“တရားမဝင်နိုင်ငံခြားသားများကိုတော့ပြည်သူ ကကျွန်တေ်ာတို့ကိုရွေးချယ် တာဝန်ပေး လာတဲ့အချိန် မှာမြေ လှန်ပြီး ရှာပြီးတော့ ဥပဒေနဲ့အညီဖယ်ရှား ဆောင်ရွက်သွား မယ်ဆိုတာပြောကြားလိုပါတယ်” ဟု ဦးသိန်းထွန်း ဦး ကပြောသည်။
ယခု လက်ရှိအစိုးရလက်ထက်သည် နိုင်ငံခြားသား ၉၀ ကျော်ကိုဌားရမ်း၍ နိုင်ငံတော်၏ အကြံပေး ခန့်အပ်ထားမှုကြောင့် နိုင်ငံ၏ ပြည်တွင်းတွင်းရေးကိစ္စရပ်များသည် ပြည်ပသို့ ပေါက်ကြားနိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းကထောက်ပြပြောဆိုခဲ့သည်။
ထိုသို့ သတင်းများပေါက်ကြားသည့်အတွက် ၎င်းတို့အနေဖြင့် အစိုးရဖြစ်လာပါက ပြည်တွင်းပညာရှင်များကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

0 comments:

Post a Comment