Friday, August 21, 2020

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အုပ်ချုပ်ရေးအာဏာ တစိတ်တပိုင်းအား ညီမဖြစ်သူကို ခွဲဝေပေးထား

ယမန်နေ့(သြဂုတ် ၂၀)ကကျင်းပသော မြောက်ကိုရီးယားနိုင်ငံအစိုးရ၏ တံခါးပိတ်ဆွေးနွေးပွဲတစ်ခုအပေါ် အခြေခံ၍မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် သူ၏ အုပ်ချုပ်ရေးအာဏာ တစိတ်တပိုင်းအား ညီမဖြစ်သူ ကင်ယိုဂျွန်ကို ခွဲဝေပေးလိုက်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီမှ ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တစ်ဦးက ကင်ဂျုံအန်တွင် အကြွင်းမဲ့အာဏာရှိနေသေးသော်လည်း အချို့ကိုမူ ခွဲဝေပေးထားကြောင်းပြောကြားချက်ကို ကိုးကားခြင်းဖြစ်သည်။ ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျွန်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အပေါ် မြောက်ကိုရီးယားနိုင်ငံက ဆက်ဆံသည့် မူဝါဒရေးရာတို့ကို အဓိကထားကိုင်တွယ်ရသူလည်းဖြစ်သည်။
သို့ရာတွင် ကင်ဂျုံအန်အနေဖြင့် သူ့အားဆက်ခံမည့်သူကို မရွေးချယ်သေးရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖြည့်စွက်တင်ပြထားသည်။
ကင်ဂျုံအန်သည် စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သည့် လုပ်ပိုင်ခွင့်အာဏာအချို့တို့ကိုလည်း သူနှင့် အနီးကပ်တာဝန်ထမ်းဆောင်သူအချို့ကို ခွဲဝေပေးထားကြောင်း ယင်းအစီရင်စာကဆိုထားသည်။ ကင်ဂျုံအန်သည် သူ၏ စိတ်ဖိစီးမှုများလျော့ကျစေရန်အတွက် လုပ်ပိုင်ခွင့်အာဏာများကို ယခုကဲ့သို့ ခွဲဝေပေးခြင်းဖြင့် မူဝါဒဆိုင်ရာ အမှားအယွင်းဖြစ်မှုများကို ရှောင်ရှားခြင်းဖြစ်ကြောင်းကိုလည်း တောင်ကိုရီးယား ထောက်လှမ်းရေးအစီရင်ခံစာဝယ်ဖော်ပြထားသည်။
ကင်ယိုဂျွန်သည် သူ့အစ်ကို၏ လုပ်ပိုင်ခွင့်အာဏာများကို မျှဝေတာဝန်ယူနေခြင်းက နိုင်ငံ၏ ဒုတိယခေါင်းဆောင်အဖြစ်တာဝန်ယူနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
crd-Popular News Journal #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment