Wednesday, August 5, 2020

မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆင်ရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၉ ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆင်ရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို စစ်ဆေးစဉ် ယမန်နေ့ ညနေ ၃ နာရီခန့်တွင်မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်နှင်လာသည့် NISSAN အမျိုးအစား ၂၂ ဘီးယာဉ်ပေါ်၌ တ ရားမဝင် ဝင်ရောက်လာ သူ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးအားလည်းကောင်း၊ SCANIA အမျိုးအစား ၂၂ ဘီး ယာဉ်ပေါ်၌ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးတို့ကိုလည်းကောင်း အသီးသီး ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ မော်တော်ယာဉ်များနှင့် ဖမ်းဆီးရမိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များနှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၉ ဦးအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment