Monday, August 24, 2020

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော မကွေးတိုင်းဒေသကြီးက နေရာ ၂၉ ခု၌ ပိတ်ဆို့စစ်ဆေး

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ တိုးမြင့်လာနေတာကြောင့် ထိစပ်နယ်မြေဖြစ်တဲ့ မကွေးတိုင်းအတွင်းက နေရာ ၂၉ ခုမှာ ခရီးသည်ဝင်ရောက်မှုမရှိစေရေး ပိတ်ဆို့စစ်ဆေးနေတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က “ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ အထောက်ထားမဲ့ ဘင်္ဂါလီ နှစ်ဦးဝင်ရောက်လာလို့ အမ်းမြို့နယ်လဝက ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်။ ရခိုင်ပြည်နယ်ဘက်ကနေ ဆိုင်ကယ်တွေ၊ကားတွေနဲ့ လာရောက်တာကို တားမြစ်ထားသလို အရေးပေါ်ကျန်မာရေးအခြေနေကြောင့် လာရောက်မယ်ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ထောက်ခံချက်ပါမှသာ ခွင့်ပြုပေးမှာ” လို့ ပြောပါတယ်။ ကုန်ကားတွေကိုတော့ လူအပိုတင်တာကို ခွင့်မပြုဘဲ ကုန်စည်စီးဆင်းမှု အခြေအနေအရ ဖြတ်သန်း ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ အသိပညာပေးတာတွေ၊ တိုင်းအစိုးရရဲ့ အထောက်ပံ့နဲ့ နှာခေါင်းစည်း Mask တွေ အခမဲ့ဝေငှပေးတာတွေ လုပ်ဆောင်နေသလို ပြည်သူတွေအနေနဲ့လည်း မိမိအသိစိတ်နဲ့ နှာခေါင်းစည်း Mask တွေတပ်ဆင်ကြဖို့ လိုအပ်တယ်လို့ ရဲမှူးကြီး လှိုင်တင့်က ပြောပါတယ်။
မကွေးတိုင်းမှာ ကိုဗစ်ကာလအတွင်း ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့အမှုပေါင်း ၂၉ မှု၊ ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်နွှယ်တဲ့ အမှုပေါင်း ၂၃ မှု အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment