Monday, August 10, 2020

တနိုင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများနှင့် ဆက်စပ်သူများအား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနိုင်း-မြစ်ကြီးနားသွားကားလမ်း ကောင်ရာကျေးရွာအနီး၌ သတင်းအရ စစ်ဆေးနေစဉ် ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီခန့်တွင်ရှဒူဇွပ်ကျေးရွာဘက်မှ တနိုင်းမြို့ဘက်သို့ ချစ်ကိုကို(ဘ)ဦးချစ်ဆွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ၇၃၀ ဂရမ်၊ WY စာတန်းပါ ပန်း‌ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၀ ပြားကို ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမေးမြန်းချက်ကွင်းဆက်များအရ ရှဒူဇွပ်ကျေးရွာနေ ဒေါ်ဘန်မွန်း(ဘ)ဦးလသျှမ်းလ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်ဘန်မွန်းကို ဘိန်းဖြူ ၁၉၀ ဂရမ်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြားနှင့်လည်းကောင်း၊ ဦးဇော်လင်းထွန်း၏ နေအိမ်အား ဆက်လက်၍ ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိခြင်းမရှိဘဲ နေအိမ်၌ ဒေါ်ဒွဲလိန်(ဘ)ဦးတန်ဂွမ်း၊ အောင်ကျော်ဦး(ဘ)ဦးကိုဦး၊ စိုးနိုင်(ဘ)ဦးအိုက်အေးနှင့် ပြည့်စုံအောင်(ဘ)ဦးလှဦးတို့ ၄ ဦးကို ဘိန်းဖြူ ၂၆၀ ဂရမ်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၆၅ ပြားနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ ၁၁၈၀ ဂရမ်ခန့်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၆၅ ပြား၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၁၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိသူများအား မြစ်ကြီးနားခရိုင် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment