Friday, August 21, 2020

ရုရှားနိုင်ငံက လူပေါင်း ၄၀၀၀၀ ကျော်ပါဝင်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှုအား လာမည့်အပတ် စတင်မည်

လူပေါင်းထောင်ချီပါဝင်သည့် အငြင်းပွားဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ရုရှားနိုင်ငံက ပြောကြားလိုက်သည်။
ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး မှတ်ပုံတင်သည့် ကမ္ဘာ့ ပထမဆုံးတိုင်းပြည် ဖြစ် လာခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သော်လည်း သူ့၏ကြေညာချက် ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတို့က ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ်ရန်လို အပ်ဟုဆိုကာ သတိပေးခဲ့သည်။
“စပွတ်ညစ် ဗွီ” ဟု အမည်ပေးထားသည့် အဆိုပါ ဗိုင်းရပ်စ်ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှု စမ်း သပ်မှုများကို လူပေါင်း ၄၀၀၀၀ ကျော် ပါဝင်မှုဖြင့် လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ကာကွယ်ဆေး စီမံကိန်း ကို ငွေကြေးမတည်သည့် ရုရှားနိုင်ငံ၏ Sovereign wealth fund အဖွဲ့က ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့သည်။
ဆေးဘက်ပညာရှင်များအပါအဝင် စေတနာ့အလျောက် ပါဝင်လိုသူများဖြင့် ကာကွယ်ဆေးစမ်းသပ်မှုကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ အကြီးအကဲ ကီရေးလ်ဒီမီ ထရီယက်ဗ်က ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံ ၂၀ ကျော်က ကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံကျော်ဝယ်ယူရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ရုရှားနိုင်ငံက ကာကွယ်ဆေးများထုတ်လုပ်ရန် နိုင်ငံအများအပြားနှင့် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။ ရုရှားနိုင်ငံ၌ ကာကွယ်ဆေးများ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို အောက်တိုဘာလတွင် စတင်ကာ နို ဝင်ဘာ(သို့မဟုတ်) ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ပြည်ပသို့တင်ပို့မည်ဟု မျှော်မှန်းရသည်။
crd- PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment