Wednesday, August 26, 2020

စစ်တွေစျေးဖွင့်ချိန်တိုးပေးဖို့ ဒေသခံတချို့တောင်းဆို

ကိုဗစ်-၁၉ အလျင်အမြန် ကူးစက် ပျံ့နှံ့နေတဲ့အတွက် စစ်တွေမြို့မှာ သွားလာမှုတွေ ကန့်သတ်ထားတဲ့ တချိန်ထဲမှာဘဲ စျေးရောင်း စျေးဝယ်အချိန်ပါ ကန့်သတ်လိုက်တာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရပါတယ်။
စစ်တွေစျေးမှာ စျေးဝယ်ချိန် ကန့်သတ်လိုက်ခြင်းက ဒေသခံတွေအတွက် အဆင်မပြေတဲ့အပြင် ပိုအန္တရာယ်များစေတယ်လို့ ထောက်ပြနေကြတာပါ။
စစ်တွေစျေးချိန်ကို မနက် (၆) နာရီနဲ့ (၉) နာရီအတွင်း သာ ဖွင့်ခွင့် ပေးထားတာဟာ ကုန်အတင်အချနဲ့တင် အချိန်အများကြီးကုန်သွားစေတဲ့အပြင် ကန့်သတ်ထားတဲ့ အချိန်တိုတွင်း လူပိုစုသွားနိုင်တယ်လို့ ANP ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။
“စျေးထဲမှာက နည်းနည်းအဆင်မပြေတာတွေရှိတယ်။ မနက် (၆) နာရီနဲ့ မနက် (၉) နာရီ အဲလောက်နဲ့ အ ရောင်းအဝယ်က သိပ်မဖြစ်ဘူး ၊ ခက်ခဲနေကြတယ်။ အချိန်က တိုလွန်းအားကြီးတယ် နည်းနည်းပိုပြီးတော့ ဥပမာ-မနက် (၆) နာရီကနေ ၁၂ နာရီလောက်ဆိုရင် ဝယ်ရပြုရ၊သွားရလာရ တာက နည်းနည်းအဆင်ပြေသွားတာပေါ့။"
ဒါကြောင့် နေ့လည် (၁၂) နာရီထိ အချိန်တိုးပေးဖို့ ဦးထွန်းအောင်ကျော်က အကြံပြုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စစ်တွေစျေးကို အဓိကကူးစက်ခဲ့၊ ဆက်ကူးစက်နိုင်တဲ့နေရာအဖြစ် သတ် မှတ်ကိုင်တွယ်နေချိန်မှာ၊ အခြားဒေသတွေကိုလည်း မပျံ့သွားရအောင်၊ စစ်တွေနဲ့ရောဂါပိုးတွေ့ အခြားမြို့တွေ ခရီးသွားခဲ့သူတွေအနေနဲ့ ချက်ချင်း နီးစပ်ရာကျန်းမာရေးနဲ့အုပ်ချုပ်ရေးဌာနတွေကို အကြောင်းကြားပေးဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Ref ; VOA

0 comments:

Post a Comment