Saturday, August 8, 2020

ယီမင်တောင်ပိုင်း ဟူသီအဖွဲ့ထိန်းချုပ်ရာ နယ်မြေများ၌ ရေဘေးကြောင့် ၁၄ ဦးထက်မနည်း သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်း ရေမာနှင့် ဆန်နာပြည်နယ်များတွင် ယမန်နေ့က ရေကြီးရေလျှံမှုများကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ရေမာပြည်နယ် အယ်လ်ဂျာဖာရီယာခရိုင်၌ ရေဘေးကြောင့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ပြီး နေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသန္တရ သတင်းရပ်ကွက်များက ပြောသည်။ အယ်လ်ဂျာဘင်ခရိုင်၌ နေအိမ်တစ်လုံး ပြိုကျခဲ့ရာ လူငါးဦး သေဆုံးခဲ့သည်။
ရေကြီးမှုကြောင့် လယ်မြေများ ပျက်စီးခဲ့ကြောင်း သတင်းရပ်ကွက်များက ပြောသည်။ ဆန်နာမြို့တော်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသုံးဦး သေဆုံးခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့က မိုးရေကြီးမှု၏ အကျိုး ဆက်များ လျော့နည်းစေရန် အရေးပေါ်စီမံချက်တစ်ရပ် လုပ်ဆောင်နေကြောင်း ဟူသီအဖွဲ့က ခန့်အပ်ထားသော ဆန်နာပြည်နယ်အုပ်ချုပ်ရေးမှူး ဟိုမွတ်အဘတ်က ပြော သည်။
ရေကြီးရေလျှံမှုများကြောင့် ဆက်သွယ်ရေးနှင့် အင်တာနက်လုပ်ငန်းများ ပျက်စီးခဲ့ရကြောင်း ၄င်းက ပြော သည်။ ပြည်နယ်များစွာ၌ ရေကြီးမှုများကြောင့် ပြီးခဲ့သောနှစ်ပတ်အတွင်း ယီမင်ပြည်သူ အများအပြား သေ ဆုံးခဲ့ရသည်။
အီရန်နိုင်ငံက ပံ့ပိုးထားသော ဟူသီသူပုန်များက ဆန်နာမြို့တော်အား သိမ်းပိုက်ကာ သမ္မတ အဘရာဒါ မန်ဆော်အား တိုင်းပြည်မှထွက်ခွာစေခဲ့သည့် ၂၀၁၅ ခုနှစ် မတ်လနောက်ပိုင်း အရှိန်မြှင့်လာခဲ့သော ပဋိပက္ခတစ် ရပ်ကြောင့် ယီမင်နိုင်ငံမှာ အကျပ်အတည်း ကြုံတွေ့နေရသည်။
ပဋိပက္ခကြောင့် ယီမင်ပြည်သူ အများအပြား သေဆုံးခဲ့ပြီး ၃ ဒသမ ၆၅ သန်း အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်အရ သိရသည်။ လူဦးရေ သန်း ၃၀ ရှိသော ယီမင်နိုင်ငံ၏ ပြည်သူထက်ဝက်ခန့်မှာ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိသည်။
Ref ; EPN

0 comments:

Post a Comment