Wednesday, August 26, 2020

ယနေ့နံနက် ကိုဗစ်အတည်ပြု လူနာ ၇၀ ဦးတွင် ရန်ကုန်မှ ၁ ဦးသာပါဝင်ပြီး ရခိုင်ပြည်နယ်မှ ၆၉ ဦးဖြင့် အများဆုံးကူးစက်မှုဖြစ်ပွား

၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၃၇၃)ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ (၂၅၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၅) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၄) ခု
- စုစုပေါင်း (၂,၃၀၀) ခုအား စစ်ဆေးခဲ့ရာ -
-
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် စုစုပေါင်း (၁၀၀) ဦး တွေ့ရှိရပါသည်။ (ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃၀) ဦးတွေ့ရှိကြောင်းအား (၂၅-၈-၂၀၂၀) ရက်နေ့၊ ည (၈:၃၀)နာရီ သတင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။)
၂။ ကျန်ရှိသော ဓာတ်ခွဲအတည်ပြုလူနာ (၇၀) ဦး၏ အချက်အလက်များအား ပူးတွဲပါဇယား များဖြင့် ဖော်ပြအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment