Sunday, August 9, 2020

တပ်မတော်မိသားစုများက သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုကန့်သတ်ချက်များရှိလာသဖြင့် စားသောက်ရေး အထောက်အကူဖြစ်စေရန် တနင်္သာရီတိုင်းဒေသကြီး သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးတင်သိန်း၊ သဘင် အစည်းအရုံးအဖွဲ့ဝင်များနှင့်မိသားစုများ တက်ရောက်ကြခဲ့ကြပြီး တိုင်းဒေသကြီးသဘင်အစည်းအရုံးဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ပဲ စသည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ မိတ္ထီလာ တပ်နယ်မှ ဗိုလ်ချုပ် ထင်လင်းနှင့် အဖွဲ့ဝင်များ၊ သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့် သဘင်ပညာရှင်များ တက်ရောက်ကြခဲ့ကြပြီး မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇာနည်အောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<
တပ်မတော်မိသားစုများက သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
Sunday, August 9, 2020
Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုကန့်သတ်ချက်များရှိလာသဖြင့် စားသောက်ရေး အထောက်အကူဖြစ်စေရန် တနင်္သာရီတိုင်းဒေသကြီး သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးတင်သိန်း၊ သဘင် အစည်းအရုံးအဖွဲ့ဝင်များနှင့်မိသားစုများ တက်ရောက်ကြခဲ့ကြပြီး တိုင်းဒေသကြီးသဘင်အစည်းအရုံးဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုး ကြီးမြို့ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ပဲ စသည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ မိတ္ထီလာ တပ်နယ်မှ ဗိုလ်ချုပ် ထင်လင်းနှင့် အဖွဲ့ဝင်များ၊ သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့် သဘင်ပညာ ရှင်များ တက်ရောက်ကြခဲ့ကြပြီး မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇာနည်အောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment