Sunday, August 9, 2020

မိတ္ထီလာတွင် အဘအမည်တစ်ဦးတည်း ဖြစ်နေသည့် မဲဆန္ဒရှင် ၁၅၀ ကျော်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် မဲရုံအမှတ် (၁၃) တွင် ဆန္ဒမဲပေးရမည့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရာ၌ အဘအမည်နေရာ၌ ဦးတင်မောင်ဟု တစ်ဦးတည်း၏ အမည်ကိုသာ ရေးသားထားသော မဲဆန္ဒရှင် အနည်းဆုံး ၁၅၀ ဦးကျော်(စာရွက် ၁၆ ရွက်) ရှိခဲ့သည်။
"ခင်ဗျားပြောမှ သိရတယ်။ ကော်မရှင်ကို မေးကြည့်လိုက်တော့လည်း ဟုတ်ပါတယ်လို့ ပြောပါတယ်။ ပြင်ဆင်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်" ဟု မိတ္ထီလာမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောကြားသည်။
ထို့အပြင် အဆိုပါမဲဆန္ဒရှင်များသည် အဘအမည် မှားယွင်းနေသည်သာမဟုတ်ဘဲ မွေးသက္ကရာဇ်များပါ မှားယွင်းလျှက် ရှိနေသည်ကို တွေ့ရသည်။ ၀၀-၀၁-၁၉၀၀ ဟု မွေးသက္ကရာဇ် ဖော်ပြခံထားရသည့် မဲဆန္ဒရှင် အနည်းဆုံး ၁၈ ဦး ရှိနေသည်ကို ယင်းကြေညာချက်များအရ သိရှိရသည်။
"ဒီနေ့မနက်ပဲ အမှန်ပြင်ဆင်ပြီး ပြန်ကပ်ထားလိုက်ပါပြီဗျ" ဟု အောင်ဆန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်းက ပြောဆိုသည်။
ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် အမည်စာရင်း ပါမပါနှင့် မှန်ကန်မှုရှိမရှိ စစ်ဆေးရန်အတွက် ကပ်ထားသည့် မဲစာရင်းများကို ပထမအကြိမ်ကပ်ထားစဉ်အတွင်း လူဦးရေ ကိုးသိန်းကျော် လာရောက် ကြည့်ရှုကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ မြို့နယ်တစ်ခုချင်းစီတွင် နေ့စဉ် မဲစာရင်းလာရောက်ကြည့်ရှုသူ လူဦးရေ တစ်ထောင်နှင့်အထက် ရှိပြီး မြို့နယ် ၂၈ မြို့နယ်အတွက် ယနေ့ (သြဂုတ် ၉) အထိ ကိုးသိန်းသုံးသောင်းကျော် လာရောက်ကြည့်ရှုသည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။
ထိုသို့လာရောက်ကြည့်ပြီး အမည်စာရင်း မပါသဖြင့် ပုံစံ (၃) ဖြင့် တောင်းဆိုသူ ငါးသောင်းခြောက်ထောင်ကျော်၊ ပုံစံ (၄) ဖြင့် ကန့်ကွက်သူ တစ်သောင်းခွဲကျော်၊ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်ခွင့်တင်ပြသူ သုံးသောင်းနီးပါး ရှိနေသည်ဟု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောဆိုသည်
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၄၅ သိန်းကျော် ရှိပြီး မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်မှစတင်ကာ သြဂုတ်လ ၁၄ ရက်အထိ ပထမအကြိမ် ထုတ်ပြန်ပေးထားသည်။
crd-The Voice Journal #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment