Monday, August 10, 2020

ရှမ်းပြည်နယ်အတွင်း အကြီးဆုံးဟုယူဆရသည့် ပိတောက်နက်သစ်ပင်ကြီးအား မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း တွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွေ့ရှိသည့် ပိတောက်နက်သစ်ပင်ကြီးကို ရှမ်းပြည်နယ်၏အကြီးဆုံးပိတောက်နက်သစ်ပင်အဖြစ် မှတ်တမ်းတင်ထားကြောင်ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက သိရသည်။
ရင်စို့လုံးပတ်(၃၀ ပေ) ရှိ ပိတောက်နက် သစ်ပင်ကြီးအား ရှမ်းပြည်နယ်၏ အကြီးဆုံး ပိတောက်နက်ပင်အဖြစ် မှတ်တမ်းတင်နိုင်ရန်Ba Than account ၏ Post တစ်ခု တွင် Lotus Lotus အမည်ရှိ facebook account မှသတင်းပေးဖေါ်ပြချက်အပေါ် ဆရာဦးဘသန်း ( သစ်တောပညာရှင်)၏ဆက်သွယ် အသိပေးမှုအရ သြဂုတ်လ ၇ ရက်နေတွင် တိုင်းတာ စစ်ဆေး ကာရှမ်းပြည်နယ်၏အကြီးဆုံး ပိတောက်နက်ပင်အဖြစ် မှတ်တမ်းတင်ထားကြောင်းသိရသည်။
ပိတောက်နက်(ခ)ပျဉ်းပိတောက်ကို နိုင်ငံတကာက Afzelia Xylay ဟုအတိုကောက် ခေါ်ကြပြီးသိပ္ပံအမည်...Afzeliamartabanica(Prain.)J. ဟုခေါ်ဝေါလေ့ရှိကာ သစ်အရောင်မှာနီဝါရောင်တွင်အမဲစင်းများရှိသဖြင့် အဆင်းအကွက် လှပသော သစ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
ရှမ်းပြည်နယ်အတွင်း အကြီးဆုံးဟုယူဆရသည့် ပိတောက်နက်သစ်ပင်ကြီးအား မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း တွေ့ရှိ
Monday, August 10, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံဝင်း အတွင်းတွေ့ရှိသည့် ပိတောက်နက်သစ်ပင်ကြီးကို ရှမ်းပြည်နယ်၏အကြီးဆုံးပိတောက်နက်သစ်ပင်အဖြစ် မှတ်တမ်းတင်ထားကြောင်ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက သိရသည်။
ရင်စို့လုံးပတ်(၃၀ ပေ) ရှိ ပိတောက်နက် သစ်ပင်ကြီးအား ရှမ်းပြည်နယ်၏ အကြီးဆုံး ပိတောက်နက်ပင်အဖြစ် မှတ်တမ်းတင်နိုင်ရန်Ba Than account ၏ Post တစ်ခု တွင် Lotus Lotus အမည်ရှိ facebook account မှသတင်းပေးဖေါ်ပြချက်အပေါ် ဆရာဦးဘသန်း ( သစ်တောပညာရှင်)၏ဆက်သွယ် အသိပေးမှုအရ သြဂုတ်လ ၇ ရက်နေတွင် တိုင်းတာ စစ်ဆေး ကာရှမ်းပြည်နယ်၏အကြီးဆုံး ပိတောက်နက်ပင်အဖြစ် မှတ်တမ်းတင်ထားကြောင်းသိရသည်။
ပိတောက်နက်(ခ)ပျဉ်းပိတောက်ကို နိုင်ငံတကာက Afzelia Xylay ဟုအတိုကောက် ခေါ်ကြပြီးသိပ္ပံအမည်...Afzeliamartabanica(Prain.)J. ဟုခေါ်ဝေါလေ့ရှိကာ သစ်အရောင်မှာနီဝါရောင်တွင်အမဲစင်းများရှိသဖြင့် အဆင်းအကွက် လှပသော သစ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment