Thursday, August 20, 2020

အိန္ဒိယကိုတိုက်ခိုက်ရန် မြန်မာလေကြောင်းပိုင်နက်ကို တရုတ်အသုံးပြုနိုင်ဟု အိန္ဒိယမီဒီယာဖော်ပြ

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့စွန်းမှမဟာဗျူဟာမြောက်အဆောက်အအုံများကို မျက်စိဒေါက် ထောက်ကြည့်နေကြောင်း India Today သတင်းစာကဖော်ပြသည်။
အာသံပြည်နယ်ရှိ တက်ဇ်ပူရ်လေတပ်အခြေစိုက်စခန်းနှင့် သြရစ်သျှပြည်နယ်ရှိ အဗ္ဗဒူ ကာလမ်ကျွန်းစုများကို ဖြစ်နိုင်ကြောင်းလည်းပါဝင်သည်။ သြဂုတ် ၂၀ ရက်မှ ၂၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း လက်တွေ့ပျံသန်းမှုသရုပ်ပြလေယာဉ်များမိတ်ဆက်ပျံသန်းရန် လေတပ်အမှုထမ်းများထံသတိပေးချက် (NOTAM) ထုတ်ပြန်ပြီးနောက် အဆိုပါသတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ပျံသန်းမည့်နေရာသည် သြရစ်သျှကမ်းရိုးတန်းမှ ကီလိုမီတာ ၅၅၀ အကွာဖြစ်ပြီး ထိုနေရာသည် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံက အသံထက်မြန်နည်းပညာသရုပ်ပြလေယာဉ်(HSTDV)ကို အိန္ဒိယနိုင်ငံအောင် အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့သည့်နေရာဖြစ်သည်။
HSTDV စီမံကိန်းသည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ကာကွယ်ရေးသုတေ သနနှင့်ဖွံ့ဖြိုးရေးအသင်းမှစီမံလည်ပတ်ခြင်းဖြစ်ပြီး BrahMos-2 စီမံကိန်းအပါအဝင် အနာဂတ်အသံထက်မြန်လက်နက်များဖြန့်ချိရေးလမ်းကြောင်းအတွက်ဖြစ်သည်။
အရှေ့ဘက်ကမ်းရိုးတန်းအပြင် အာသံပြည်နယ်မှ တက်ဇ်ပူရ်လေကြောင်းအခြေစိုက်စခန်းသည် အရပ်ဘက်-စစ်ဘက်ပူးပေါင်းလေယာဉ်ကွင်းဖြစ်ပြီး အိန္ဒိလေတပ်မှ Su-30 MKI လေယာဉ်များပါဝင်သည့် အမှတ် ၂ နှင့် အမှတ် ၁၀၆ လေယာဉ်အုပ်စုများရှိသည့်စခန်းဖြစ်သည်။
အိန္ဒိယလေတပ်သည် နိုင်ငံအရှေ့ပိုင်းနယ်နိမိတ်တစ်လျှောက် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပြီး တက်ဇ်ပူရ် လေယာဉ်ကွင်းသည် ထိုဒေသတွင် အရေးအကြီးဆုံးလေယာဉ်ကွင်းများထဲမှတစ်ကွင်းဖြစ်သည်။ အများပြည်သူသိထောက်လှမ်းရေးအချက်အလက်များခွဲခြမ်းစိတ်ဖြာရေးအဖွဲ့က မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့်ယူနန်ပြည်နယ်တွင် ရေဒါနှင့်စောင့်ကြည့်ရေးအဆောက်အအုံများ တရုတ်နိုင်ငံကထားရှိ နေသည်ကို ဂြိုဟ်တုဓာတ်ပုံများအရမြင်တွေ့ခဲ့ရကြောင်း India Today သတင်းတွင်ဖော်ပြသည်။
အိန္ဒိယကိုဆန့်ကျင်သည့်လှုပ်ရှားမှုများလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံလေကြောင်းပိုင်နက်ကိုအသုံးပြုရန် တရုတ်နိုင်ငံက ရှက်ရွံ့နေမည်မဟုတ်ကြောင်းလည်း သတင်းတွင်ပါဝင်သည်။
၂၀၁၇ ခုနှစ်က ဒေါ့လမ်ရှိ အိန္ဒိယ-တရုတ်-ဘူတန် သုံးနိုင်ငံနယ်စပ်တွင် ထိတွေ့မှုများဖြစ်ပွားပြီးနေက် ၂၀၁၈ ခုနှစ်၊ မတ်တွင် ရေဒါစခန်းတစ်ခုတည်ဆောက်ခဲ့ကြောင်း ရေဒါစခန်းပုံရိပ်များဖော်ပြထားသည့် သတင်းတွင်ပါ ဝင်သည်။
ရေဒါစခန်းကို မြန်မာနယ်စပ်မှ ၃ ကီလိုမီတာသာကွာသည့်နေရာတွင် တည်ဆောက်ထားပြီး အိန္ဒိယအရှေ့ဘ က်ကမ်းရိုးတန်းရှိ အဗ္ဗဒူကျွန်းစမ်းသပ်စခန်းနှင့် တက်ဇ်ပူရ်လေယာဉ်ကွင်းတို့ကို မျက်နှာပေးထားကြောင်းလည်း သိရသည်။
ပုံများအရ စခန်းသည် ၂၀၁၈ ခုနှစ် ကျူးဟိုင်လေကြောင်းပြပွဲ၌ခင်းကျင်းပြသခဲ့သည့် Type-609 ရေဒါနှ င့်ဆင်တူသည့် phased array ရေဒါဖြစ်နိုင်သည့် ၁၃ မီတာကျယ်သည့်ရေဒါတစ်ခုဖြစ်သည်။
ထိုရေဒါကို တရုတ်အီလက်ထရောနစ်နည်းပညာအုပ်စုကော်ပိုရေးရှင်း (CTEC) ၏ ၁၄ ခုမြောက်အဖွဲ့အစည်းက ထုတ်လုပ်ခြင်းဖြစ်ပြီး လေကြောင်းပျံသန်းမှုသတ်မှတ်ချက်အောက်ပျံသန်းလာသည့် ပဲ့ထိန်းဒုံးကျည်များနှင့် ကိုယ်ပျောက်လေယာဉ်များကို ထောက်လှမ်းနိုင်သည်ဟုဆိုသည်။
“အိန္ဒိယရဲ့အရေးပါတဲ့နေရာ ၂ နေရာကနေ အမြင့် ၂.၅ ကီလိုမီတာထက်မြင့်တက်လာတဲ့အရာမှန်သမျှကို ဒီရေဒါက ဖမ်းမိနိုင်မှာပါ။”ဟု India Today သတင်းတွင်ဖော်ပြသည်။
ဂန်ဆုပြည်နယ်၊ ဂွမ်ကျိုးတွင်ရေဒါကိုစမ်းသပ်အသုံးပြုခဲ့စဉ်ကမြင်တွေ့ရသည်ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်နိုင်ငံ၏ WU-14 အသံထက်မြန်ဂလိုက်လေယာဉ်များစမ်းသပ်ရာတွင် ထိုရေဒါကိုအသုံးပြုခဲ့ သည်ဟုသိရသည်။
စခန်းရှိ ဂြိုဟ်တုဆက်သွယ်ရေးစလောင်းများနှင့် အခြားကိရိယာများက အိန္ဒိယနိုင်ငံသို့သွားနေ သည့်တရုတ်ပဲ့ထိန်းဒုံးကျည်များကို လမ်းတဝက်တွင်လမ်းကြောင်းထိန်းပေးရာ၌ အခန်းကဏ္ဍတစ်ရ ပ်အနေနှင့်ပါဝင်နေကြောင်း ခိုင်ခိုင်မာမာအကြံပြုနေသည်။
Ref ; People Media

0 comments:

Post a Comment