Wednesday, August 5, 2020

တောင်ကိုရီးယားမှာ မိုးကြီး ရေလွှမ်းမှုတွေကြောင့် လူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး ၁၃ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကာ ပျောက်ဆုံးသူ ၁၃ ဦးထိ ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့ ( သြဂုတ်လ ၄ ) မှာ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့ ( ယနေ့ ) မှာ ဆိုးလ်မြို့အလယ်ပိုင်း၊ ဟန်မြစ်တစ်လျှောက်ရှိ လမ်းနဲ့တံတား အများစုဟာ ရေလွှမ်းမိုးခံနေရပြီး လမ်းပိတ်ဆို့ခြင်းတွေ ဖြစ်ပွားခဲ့ကာ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရကြောင်း Yonhap သတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။ အိမ်နီးချင်း မြောက်ကိုရီးယားမှာလည်း အချို့ဒေသတွေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ကြုံတွေ့နေရပြီး ရေကြီးနိုင်ခြေရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက သတိပေးဖော်ပြထားတယ်လို့ သိရပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment