Sunday, August 9, 2020

အရှေ့တောင်အာရှဒေသအား ဘက်လိုက်မှုမရှိသော ဒေသတစ်ခုအဖြစ် ထိန်းသိမ်းရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ကတိပြုပြောကြား

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ နိုင်ငံခြားရေးဝန်ကြီးများမှ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း၌ ပထဝီနိုင်ငံရေးပြောင်းလဲမှုများကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် အရှေ့တောင်အာရှအား ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကြားနေမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိသော ဒေသတစ်ခုအဖြစ် ထိန်းသိမ်းရန် ကတိပြု ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၈ ရက်နေ့က ၎င်းတို့ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ သိရှိရပါသည်။
အာဆီယံ၏ ၅၃ နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ၂၀၂၅ ခုနှစ် ASEAN Community Vision အား ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများ၏ ကတိကဝတ်များကို ထမ်လောင်းအတည်ပြုထားပါသည်။
အဆိုပါ ကြေညာချက်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် ငြိမ်းချမ်းသော နယ်ပယ်တစ်ခုဖန်တီးရန် တွေ့ဆုံဆွေးနွေး မှုများ ဆက်လက်ပြုလုပ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံများ အကြား မဟာဗျူဟာမြောက်ယုံကြည်မှုနှင့် အပြန်အလှန်ယုံကြည်စိတ်ချမှု ဆက်လက် တည်ဆောက်သွားရန် တောင်းဆိုထားပါသည်။
၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အား ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပါသည်။
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ
အဆိုပါကြေညာချက်သည် တရုတ်နှင့် အချို့သော အာဆီယံနိုင်ငံများအကြား နယ်မြေပိုင်နက်နှင့် ရေကြောင်းသွားလာမှုဆိုင်ရာ အငြင်းပွားမှုများ နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ တောင်တရုတ်ပင်လယ်သို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ထပ်တလဲလဲစေလွှတ်ခြင်းကြောင့် တရုတ်နှင့်အမေရိကန်နိုင်ငံကြား ဆက်ဆံရေးပိုမို ဆိုးရွားလာချိန်တွင် ထွက်ပေါ်လာခဲ့ပါသည်။
တောင်တရုတ်ပင်လယ်ပြင်ရှိ ကမ်းလွန်သယံဇာတများနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၏ တောင်းဆိုမှုများသည် လုံးဝတရားမဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo မှ လွန်ခဲ့သောလက ပြောကြားခဲ့ပါသည်။ အမေရိကန်ရေတပ်သည် မကြာသေးမီက ဒေသတွင်း၌ အကြီးစားလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။
ထိုကဲ့သို့လုပ်ဆောင်မှုသည် တောင်တရုတ်ပင်လယ်အတွင်း ပိုမိုတည်ငြိမ်အေးချမ်းမှု ရရှိရန် ဆောင်ရွက်နေသော တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုထားခြင်းဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား ပြစ်တင် ဝေဖန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အငြင်းပွားမှုများတွင် တိုက်ရိုက်ပါဝင်မှုရှိသည့် နိုင်ငံမဟုတ်သော်လည်း ၎င်းသည် ဒေသတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်စေပြီး ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေကြောင်း အမေရိကန်ရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
တရုတ်နှင့်အာဆီယံနိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း Code of Conduct (COC) နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
အာဆီယံ၏ ၅၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi မှ ရွေးချယ်မှုများပြုလုပ်ရန်အတွက် အာဆီယံနိုင်ငံများအား ဖိအားပေးခြင်းမပြုရန် သတိပေးပြောကြားခဲ့ပါသည်။
အာဆီယံအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးတင်းမာမှုအတွင်း ဆွဲသွင်း ခံမည်မဟုတ်ကြောင်း သို့မဟုတ် ရွေးချယ်မှုများပြုလုပ်ရန် ဖိအားပေးခံမည်မဟုတ် ကြောင်း Marsudi မှ ပြောကြားခဲ့ပါသည်။
ထို့ကြောင့် အရှေ့တောင်အာရှဒေသအနေဖြင့် မိမိတို့၏ အချက်အချာကျမှုကို ထိန်းသိမ်းရန်၊ မိမိတို့၏ ဆက်စပ်မှုများကို ထိန်းသိမ်းရန် ရပ်တည်နေရမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ယုံကြည်မှုအပေါ် မယုံသင်္ကာဖြစ်မှု တို့ကို ပြောင်းလဲရန်ဉီးဆောင်ရမည်ဖြစ်သည်။
ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh မှ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် ခိုင်မာပြီးစည်းလုံးမှုရှိသော အာဆီယံသည် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
>>Zawgyi<<
အရှေ့တောင်အာရှဒေသအား ဘက်လိုက်မှုမရှိသော ဒေသတစ်ခုအဖြစ် ထိန်းသိမ်းရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ကတိပြုပြောကြား
Sunday, August 9, 2020
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ နိုင်ငံခြားရေးဝန်ကြီးများမှ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း၌ ပထဝီနိုင်ငံရေးပြောင်းလဲမှုများကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် အရှေ့တောင်အာရှအား ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကြားနေမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိသော ဒေသတစ်ခုအဖြစ် ထိန်းသိမ်းရန် ကတိပြု ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၈ ရက်နေ့က ၎င်းတို့ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ သိရှိရပါသည်။
အာဆီယံ၏ ၅၃ နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ၂၀၂၅ ခုနှစ် ASEAN Community Vision အား ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများ၏ ကတိ ကဝတ်များကို ထမ်လောင်းအတည်ပြုထားပါသည်။
အဆိုပါ ကြေညာချက်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် ငြိမ်းချမ်းသော နယ်ပယ်တစ်ခုဖန်တီးရန် တွေ့ဆုံဆွေးနွေး မှုများ ဆက်လက်ပြုလုပ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံများ အကြား မဟာဗျူဟာမြောက်ယုံကြည်မှုနှင့် အပြန်အလှန်ယုံကြည်စိတ်ချမှု ဆက်လက် တည်ဆောက်သွားရန် တောင်းဆိုထားပါသည်။
၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အား ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပါသည်။
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ
အဆိုပါကြေညာချက်သည် တရုတ်နှင့် အချို့သော အာဆီယံနိုင်ငံများအကြား နယ်မြေပိုင်နက်နှင့် ရေကြောင်းသွားလာမှုဆိုင်ရာ အငြင်းပွားမှုများ နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ တောင်တရုတ်ပင်လယ်သို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ထပ်တလဲလဲစေလွှတ်ခြင်းကြောင့် တရုတ်နှင့်အမေရိကန်နိုင်ငံကြား ဆက်ဆံရေးပိုမို ဆိုးရွားလာချိန်တွင် ထွက်ပေါ်လာခဲ့ပါသည်။
တောင်တရုတ်ပင်လယ်ပြင်ရှိ ကမ်းလွန်သယံဇာတများနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၏ တောင်းဆိုမှုများသည် လုံးဝတရားမဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo မှ လွန်ခဲ့သောလက ပြောကြားခဲ့ပါသည်။ အမေရိကန်ရေတပ်သည် မကြာသေးမီက ဒေသတွင်း၌ အကြီးစားလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။
ထိုကဲ့သို့လုပ်ဆောင်မှုသည် တောင်တရုတ်ပင်လယ်အတွင်း ပိုမိုတည်ငြိမ်အေးချမ်းမှု ရရှိရန် ဆောင်ရွက်နေသော တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုထားခြင်းဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား ပြစ်တင် ဝေဖန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အငြင်းပွားမှုများတွင် တိုက်ရိုက်ပါဝင်မှုရှိသည့် နိုင်ငံမဟုတ်သော်လည်း ၎င်းသည် ဒေသတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်စေပြီး ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေကြောင်း အမေရိကန်ရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
တရုတ်နှင့်အာဆီယံနိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း Code of Conduct (COC) နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
အာဆီယံ၏ ၅၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi မှ ရွေးချယ်မှုများပြုလုပ်ရန်အတွက် အာဆီယံနိုင်ငံများအား ဖိအားပေးခြင်းမပြုရန် သတိပေးပြောကြားခဲ့ပါသည်။
အာဆီယံအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးတင်းမာမှုအတွင်း ဆွဲသွင်း ခံမည်မဟုတ်ကြောင်း သို့မဟုတ် ရွေးချယ်မှုများပြုလုပ်ရန် ဖိအားပေးခံမည်မဟုတ် ကြောင်း Marsudi မှ ပြောကြားခဲ့ပါသည်။
ထို့ကြောင့် အရှေ့တောင်အာရှဒေသအနေဖြင့် မိမိတို့၏ အချက်အချာကျမှုကို ထိန်းသိမ်းရန်၊ မိမိတို့၏ ဆက်စပ်မှုများကို ထိန်းသိမ်းရန် ရပ်တည်နေရမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ယုံကြည်မှုအပေါ် မယုံသင်္ကာဖြစ်မှု တို့ကို ပြောင်းလဲရန်ဉီးဆောင်ရမည်ဖြစ်သည်။
ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh မှ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် ခိုင်မာပြီးစည်းလုံးမှုရှိသော အာဆီယံသည် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

0 comments:

Post a Comment