
ယနေ့နေ့လယ် ၁၂ နာရီကျော်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း၊ ဟံသာဝတီအဝိုင်းအနီးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် Level 2 အဆင့် သတ်မှတ် ငြိမ်းသတ်ခဲ့ရာမှာ မီးသတ်သမားတစ်ဦး အောက်စီဂျင်ပြတ်လတ်ပြီး မူးလဲသွားတဲ့အတွက် အရေးပေါ်ကားတစ်စီးနဲ့ ခေါ် ယူသွားရကြောင်း သိရပါတယ်။
“မီးလောင်မှုအတွင်းမှာ (၂)ထပ်အိမ်နှစ်လုံးနဲ့ (၃)ထပ်အိမ် တစ်လုံးပါသွားတယ်။ လက်ရှိမှာ ရုံးက CCTV ကနေကြည့်တာတော့ လူထိခိုက် သေဆုံးသူမတွေ့ရသေးဘူး။ ရှာဖွေရေးထပ်လုပ်နေပါတယ်။မီးလောင်မှုအ ကြောင်းအရင်းကိုလည်း မသိရသေးဘူး အသေးစိတ်စုံစမ်းနေဆဲပါ။ မီးလောင်မှုကိုတော့ level 2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်”လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီးက ၁၂ နာရီ ၂၄ မိနစ်အချိန်မှာ ငြိမ်းသွားပြီလို့လည်း သိရပါတယ်။





Ref ; Duwun
0 comments:
Post a Comment