Friday, August 21, 2020

တရုတ်တောင်ပိုင်း ရေကြီးမှုကြောင့် ထင်ရှားတဲ့ ဗုဒ္ဒရုပ်ပွားတော် ခြေရင်းအထိ ရေရောက်လာ

တရုတ်နိုင်ငံတောင်ပိုင်းရှိ Yangtze မြစ်ရေတိုးမှုကြောင့် ရေတွေမြင့်တက်လာပြီး ဒေသတွင်းက ထင်ရှားလှတဲ့ ဗုဒ္ဒရုပ်ပွားတော် ခြေတော်ရင်းအထိ ရောက်လာနေပြီလို့သိရပါတယ်။ ဒါဟာ နှစ်ပေါင်း ၇၀ အတွင်း ပထမ ဆုံးအကြိမ်ရောက်လာခြင်းဖြစ်ပါတယ်။
ဒီဒေသအတွင်း မြစ်ရေလွှမ်းမှုဟာ စိုးရိမ်စရာအဆင့်ရောက်လာပြီလို့ ဒေသခံအာဏာပိုင် တွေက သတ်မှတ်ပြီး လူတွေကို ကုန်းမြင့်အရပ်ဆီပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားပါတယ်။ မြစ်ရေဟာ Leshan's Giant Buddha ရဲ့ခြေရင်းအထိရောက်နေပြီလို့ နိင်ငံပိုင် ဆင်ဟွာ သတင်းကဖေါ်ပြပြီး ဒါဟာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။
ညဏ်တော် ၂၃၃ ပေမြင့်တဲ့ ဗုဒ္ဒရုပ်ပွားတော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀ ခန့်ကတည်းက Emeiတောင်ကုန်း ပေါ်မှာ တည်ထားတာဖြစ်ပြီး UNESCO အသိအမှတ်ပြု ရှေးဟောင်း အမွေအနှစ်နေရာ တခုလည်းဖြစ်ပါတယ်။
ဒီဒေသဆီ ကမ္ဘာလှည့်ခရီးသည်တွေအများအပြားလာလေ့ ရှိပေမယ့် အခုတော့ မြစ်ရေကြီးမှုကြောင့် တနလာင်္နေ့ကစပြီး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ မြစ်ရေကျတဲ့အချိန် ဒီသတင်းပတ်နှောင်းပိုင်းမှာ ပြန်ဖွင့်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
Ref ; One News Myannar

0 comments:

Post a Comment