Friday, August 7, 2020

နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့မှ ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပင်လည်ဘူးမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း ဝါးဘိုးချောင်းကျေးရွာထိပ်၌ ယမန်နေ့ နံနက်ပိုင်းတွင် သတင်းအရ စစ်ဆေးနေစဉ် ပင်လည်ဘူးမြို့မှ ဖောင်းပြင်မြို့သို့ မောင်းနှင်လာသော VIGO အမျိုးအစား မော်တော်ယာဉ်နှင့် HINO အမျိုးအစား မော်တော်ယာဉ်နှစ်စီးတို့အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ HINO အမျိုးအစား မော်တော်ယာဉ်၏ အနောက်ဘက်ကြမ်းခင်း အံဝှက်အတွင်းမှ ဘိန်းဖြူ ၂၃၉၈၀ ဂရမ်ခန့် နှင့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၈၄၈၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား တစ်ဖွဲ့တည်းဖြစ်သော ယာဉ်မောင်း ယောဆက်နှင့် အားစိန်၊ ယာဉ်နောက်လိုက် လာမာလေးနှင့် ကိုကိုမင်း၊ အတူလိုက်ပါလာသူ ဒေါ်ခင်စန်းကြည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူ ၅ ဦးအား ပင်လည်ဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment