Monday, August 17, 2020

အိမ်တွင်းဖြစ်ပိတ်စနှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲ၏ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုတွင်ပထမဆုရရှိခဲ့သူအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေးအပ် ချီးမြှင့်

အိမ်တွင်းဖြစ်ပိတ်စနှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲ၏ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုတွင်ပထမဆုရရှိခဲ့သူ ဂျပန်နိုင်ငံမှ ဦးမျိုးဆန်းဦး (Myo Gyi)အားဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေးအပ် ချီးမြှင့်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော် မတီ၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းတင် ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်တို့ကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူမှတစ်ဆင့် ဦးမျိုးဆန်းဦး (Myo Gyi) အား ဂျပန်နိုင်ငံ မြန်မာသံရုံးတွင် သြဂုတ်လ ၁၅ ရက်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။
Ref ; Pyi Myanmar

0 comments:

Post a Comment