Tuesday, August 18, 2020

ရွေးကောက်ပွဲနီးလာချိန် ရပ်နားထားသော တံဆိပ်ရိုက်လုပ်ငန်းများ ပြန်လည်ပတ်

ကိုဗစ်ကာလအတွင်း တံဆိပ်ရိုက်လုပ်ငန်းများမှာ လုံးဝရပ်နားထားရပြီး ယခု ရွေးကောက်ပွဲနီးလာသည့်ကာလတွင် နိုင်ငံရေးပါတီများမှ အလုပ်အပ်နှံမှုများကြောင့် ပြန်လည်ပတ်ပြီး အဆင်ပြေလာသည်ဟု ZAN တံဆိပ်လုပ်ငန်းပိုင်ရှင် ကိုထက်ခိုင်စိုးက ပြောသည်။
"၂၀၁၅ ရွေးကောက်ပွဲတုန်းကနဲ့တော့ကွာတယ်။ ၂၀၂၀ရွေးကောက်ပွဲကိုတော့ လူတွေက ရောဂါနဲ့ပတ်သက်လို့ စိတ်ပူနေကြတာမျိုးရှိတယ်။ အဲဒီတော့ ၂၀၁၅ တုန်းကလိုတော့ ဟုန်းဟုန်းထအောင် တံဆိပ်ရိုက်နေရတာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ပုံမှန်ထက်တော့ အလုပ်အပ်တာများလာတယ်။ အလုပ်သမားတွေအတွက်လဲ အလုပ်ပိုလုပ်ရတဲ့အတွက် အဆင်ပြေတယ်"ဟု ၎င်းက ဆိုသည်။
ပုံမှန်အချိန်တွင် အလံ၊ တီရှပ်၊ ဦးထုတ်၊ ထီး၊ အိတ်နှင့် ခေါင်းစည်းတို့ကို တံဆိပ်ရိုက်ရပြီး ကိုဗစ်ကာလတွင်မူ Mask တံဆိပ်ရိုက်သည့်စျေးကွက်တစ်ခုပိုရလာပြီး နိုင်ငံရေးပါတီတံဆိပ်များဖြင့် တံဆိပ်ရိုက်ပေးရတာမျိုးလည်းရှိကြောင်း တက်လမ်းတံဆိပ်ရိုက်လုပ်ငန်းပိုင်ရှင် ဒေါ်ဘေဘီက ပြောသည်။
ကားခေါင်းခန်းတွင် စိုက်ထူထားတတ်ကြသည့် အလံအသေးလေးသည် ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း တံဆိပ်ရိုက်လုပ်ငန်းများထံမှ သိရသည်။
ရွေးကောက်ပွဲနီးလာသည့်အချိန်တွင် နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအတွက် ပြင်ဆင်လာကြသော်လည်း ၂၀၁၅ရွေးကောက်ပွဲကာလလောက် တံဆိပ်ရိုက်ခြင်းမှာ တွင်ကျယ်မလာသေးဘဲ နည်းပါးနေသေးကြောင်း တံဆိပ်ရိုက်လုပ်ငန်းများထံမှ သိရသည်။
crd-စံတော်ချိန် #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment