Saturday, August 15, 2020

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဆုံဆို့နာရောဂါဖြင့် လူ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဆုံဆို့နာရောဂါဟာ ကပ်အသွင်ဖြစ်ပွားနေတာကြောင့် (၆)ယောက်သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဆုံဆို့နာရောဂါကပ်အသွင်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီးတော့ ကွင်းဆင်းဆောင်ရွက်မှုတွေကို ပြည်ထောင်စုဝန်ကြီးဆီ သြဂုတ်လ(၁၄)ရက်နေ့ကတင်ပြတဲ့အခါ ဝန်ကြီးကပြန်ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့နယ် (၅) မြို့နယ်မှာ ဆုံဆို့နာဝေဒနာရှင်စုစုပေါင်း (၄၅)ယောက်ရှိပြီး သေဆုံးသူ(၆)ယောက်ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးတွေကို ဝန်ကြီးဌာနကအခမဲ့ထိုးနှံတိုက်ကျွေးပေးနေပြီး ဆုံဆို့နာရောဂါဟာ ကာကွယ်ဆေးထိုးမှု လွှမ်းခြုံမှုအားနည်းတာ၊ လူအုပ်စုရဲ့ စုပေါင်းရောဂါခုခံကာကွယ်နိုင်မှု အားနည်းတာ၊ ရွှေ့ပြောင်းနေထိုင်သူဦးရေများတာ၊ ရောဂါခံနိုင်ရည်နည်းတဲ့ လူအုပ်စုထဲကို ရောဂါဝင်လာတာ စတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
>>zawgyi<<
ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဆုံဆို့နာရောဂါဖြင့် လူ ၆ ဦးသေဆုံး

0 comments:

Post a Comment