Thursday, August 13, 2020

ဧရာဝတီတံတား(ရတနာပုံ)မှခုန်ချသူအား သုံးရက်အကြာတွင်ပြန်တွေ့

ဧရာဝတီတံတား(ရတနာပုံ)မှခုန်ချသူအား သုံးရက်အကြာတွင်တွေ့ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း သတင်းဖော်ပြချက်အရ သိရသည်။
စစ်ကိုင်းမြို့ ၊ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းအ‌​ပေါ်မှ ဧရာဝတီမြစ်ထဲသို့ ဩဂုတ် ၁၁မွန်းလွဲ ၂နာရီကျော်တွင် အသက် ၃၉နှစ်အရွယ် အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး စစ်ကိုင်းခရိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်း၊ သုခကာရီလူမှုကူညီရေးအသင်းတို့မှ ရေပြင်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်းမတွေ့ရှိဘဲ ယနေ့ နံနက်၆နာရီခွဲခန့်က စစ်ကိုင်း ဧမြဝတီဆိပ်အနီးအလောင်းပေါ်သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ အလောင်းအားသွားရောက်ဆယ်ယူထုပ်ပိုးပြီး အိုးဘိုလူမှုကူညီရေးယာဉ်ဖြင့် စစ်ကိုင်းခုတင်၂ဝဝဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း

0 comments:

Post a Comment