Thursday, August 13, 2020

တာချီလိတ်မြို့အတွင်း ငွေကျပ်သိန်းပေါင်း ၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိတပ်မတော် သတင်းထုတ်ပြန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သော ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် တာချီလတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေကမ္ဘာကားပြင်ဆိုင်ရှေ့၌ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တာချီလတ်မြို့တွင်းမှ မောင်းနှင်လာသော Fontuner အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေးရန်တားမြစ်စဉ် ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ပြီး ထွက်ပြေးသွားခဲ့သည်။
အဆိုပါယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ အိုက်စ် ၃၇၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော်)အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တာချီလိတ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment