Wednesday, August 12, 2020

ဝေးလံခေါင်ပါးသောဒေသများရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် တတိယအကြိမ် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ နေပြည်တော်မှထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း ဝေးလံခေါင်ပါး၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောဒေသရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်ပေးရေးအတွက် ဆရာဝန်လိုအပ်ချက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် တတိယအကြိမ်အဖြစ် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ထွက်ခွာကြကြောင်း သိရသည်။
ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ယခု တတိယအကြိမ်အဖြစ် တပ်မတော်သားဆရာဝန် ၄၄ ဦးစီဖြင့် သွားရောက်လဲလှယ် တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment