Thursday, August 20, 2020

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို မြေယာကိစ္စ၊ ငွေစာရင်းအကောင့်ဖွင့်ထားမှုအပေါ် စစ်ဆေးခံနေရ

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို မြေယာကိစ္စ၊ အခြားငွေစာရင်းအကောင့်ဖွင့်ထားမှုအပေါ် စစ်ဆေးခံနေရကြောင်း ကယားပြည်နယ် လွှတ်တော်အမတ်အချို့က အတည်ပြုပြောဆိုသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူရန် ပြည်နယ်လွှတ်တော်အမတ် လေးပုံတစ်ပုံမှ ဖွဲ့စည်းပုံအခြေခံဥ ပဒေပုဒ်မ ၂၆၃(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြသည်။
ထိုကဲ့သို့ ကယားပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အဖွဲ့ဝင် (၅)ဦးနှင့်ဖွဲ့စည်းခဲ့ပြီး တွေ့ရှိချက်များအပေါ် သြဂုတ်လ(၂၈)ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပေးရမည်ဖြစ်သည်။
အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် ဖရူဆိုမြို့နယ်၊ ပြည်နယ်အမှတ်(၁) ကိုယ်စား လှယ် ဦးသဲရယ်ကို People Media က ဆက်သွယ်မေးမြန်းခဲ့သည်။
“လောလောဆယ် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကိုပဲသေချာအောင် စာရင်းစစ်ချုပ်ကို ခေါ်ယူမေးမြန်းတာ လောက်ပဲရှိပါသေးတယ်။ဒီမြေကိစ္စနဲ့ပတ်သက်လို့တော့ စည်ပင်နဲ့မြေစာရင်းကိုခေါ်တာသူတို့မလာဘူး။ လာမဲ့အပတ်ထဲမှာတော့ ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးဖို့စာပို့ထားပြီးပြီ။ လာမဲ့အပတ်မှာတော့ ဝန်ကြီးချုပ်ကို ယ်တိုင် စုံစမ်းစစ်ဆေးခံရမှာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ကယားရေးရာပွဲကျင်းပဖို့မြေနေရာအဆို အဆိုကအောင်ပြီးပြီ။အဲဒါကိုတခြားစီးပွားရေးလုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်နေတာတွေ ဒါတွေကမဖြစ်သ င့်ဘူး။ဝန်ကြီးချုပ်က ဥပဒေချိုးဖောက်တယ်ဆိုပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင် ကြတာ။နောက်တစ်ခုက စက်ယန္တရားကိစ္စပေါ့။ အရင်အစိုးရကဝယ်ထားတဲ့ ၁၈ စီးကို ဒီဘက်အစိုးရမှာ ငှားရမ်းထားတဲ့ ငွေကြေးတွေ ရန်ပုံငွေတွေကို ဒါကိုနိုင်ငံတော် ဘဏ္ဍာငွေထဲမထည့်ဘဲ အပြင်မှာအေ ကာင့်တစ်ခုဖွင့်ပြီး သူ့ဘာသာအသုံးပြုနေတာရှိတာပေါ့လေ။ ဒါကိုလည်းစွပ်စွဲပြစ်တင်ကြတာပေါ့’’ ဦးသဲရယ်(စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ)က ပြောသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်သည် လွိုင်ကော်မြို့၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုနှင့် ပတ်သက်ပြီး ဒေသခံများသည် ပွတ်တိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
Ref ; People Media

0 comments:

Post a Comment