Sunday, August 9, 2020

မန္တလေးတွင် အမိုနီယံနိုက်ထရိတ် အိတ်(၅၀၀) (၇တန်ကျော်) ဖမ်းမိ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ၁၆မိုင် စစ်ဆေးရေးဂိတ်နှင့် စွယ်တော်ကားဝင်းအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သော အမိုနီယံနိုက်ထရိတ် (၇)တန်ကျော် (အိတ်-၅၀၀ကျော်) ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ သတင်းရရှိသည်။
သြဂုတ်(၇)ရက်၊ ည(၈)နာရီဝန်းကျင်က မန္တလေး မူးယစ်တပ်ဖွဲ့စု (၁၇)မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များသည် ၁၆မိင် စစ်ဆေးရေးဂိတ်၌ ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မန္တလေးမှ ပြင်ဦးလွင်သို့ မောင်းနှင်မည့် MITSUBISHI CANTER အမျိုးအစား (၆)ဘီးယာဉ်တစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သော အမိုနီယံနိုက်ထရိတ်ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲငယ် အလုံးအသေးများ ပါဝင်သည့် အိတ် (၁၆၅)အိတ်၊ စုစုပေါင်း အလေးချိန်(၆၁၀၅)ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမိုနီယံ နိုက်ထရိတ်အိတ်များ တင်ဆောင်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို စစ်ဆေးရာ စွယ်တော်ကားဝင်းအတွင်းရှိ ကုန်စည်ပို့ဆောင်ရေး ဂိတ်တစ်ဂိတ်မှ နောင်ချိုမြို့သို့ ပို့ဆောင်ပေးရန် တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထွက်ဆိုသဖြင့် အဆိုပါ ဂိတ်မှ ဂိတ်မှူးဖြစ်သူကို ထပ်မံဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် သြဂုတ်(၈)ရက်၊ နေ့လည်ပိုင်းတွင် ဂိတ်မှူး၏ ထွက်ဆိုချက်အရ စွယ်တော် ကားကြီးကွင်းအတွင်း ရပ်ထားသော (၂၂)ဘီး တွဲကားတစ်စီးကို သွားရောက်စစ်ဆေးရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့နှင့်အတူ ယာဉ်ပေါ်တွင် ပီနံအိတ်များဖြင့် ထည့်ထားသည့် အမိုနီယံ နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲငယ် အလုံးလေးများပါ အိတ်(၃၈၀)အိတ်၊ စုစုပေါင်း အလေးချိန် (၁၄၀၆)ကီလိုဂရမ် ထပ်မံ သိမ်းဆည်းရမိသည်ဟု ဆိုသည်။
အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယံနိုက်ထရိတ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမျိုးသား (၅)ဦးကို ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းနှင့် အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းတို့၌ အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ သတင်းရရှိသည်။
(၆)ဘီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြစ်သည့် အသက်(၅၁)နှစ်နှင့် အသက်(၃၀)အရွယ် အမျိုးသားနှစ်ဦးနှင့် အသက်(၃၇)နှစ်အရွယ် ဂိတ်မှူးဖြစ်သူတို့ကို ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ခ)/၂၁ဖြင့် အမှုဖွင့်ထားပြီး (၂၂)ဘီး တွဲကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြစ်သည့် အသက်(၄၀)နှင့် (၂၂)နှစ်အရွယ် အမျိုးသားနှစ်ဦးကို အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
crd-mandalayindepthnews #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment