
ကာမလိမ်လည်မှုဖြင့် စွဲချက်တင်ခံထားရသည့် မိုးအောင်ရင်ကို လာမည့် ရုံးချိန်း၌ မပျက်မကွက် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် ရန်ကင်းမြို့နယ် တွဲဖက်တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။
ယနေ့ ရုံးချိန်းတွင် မိုးအောင်ရင်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ခွင့်တိုင်ခဲ့သောကြောင့် အမှုကို မစစ်ဆေးနိုင်ခဲ့ပေ။
ထိုကြောင့် သြဂုတ် ၂၆ ရက်သို့ ရုံးချိန်းခဲ့ပြီး ယင်းရုံးချိန်းတွင် မိုးအောင်ရင်ကို မပျက်မကွက်စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါတရားသူကြီးကပြောကြားခဲ့သည်။
ယင်းအမှုတွင် စွပ်စွဲခံရသူ မိုးအောင်ရင်ကို စစ်ဆေးရန် ပြီးခဲ့သည့် သြဂုတ် ၇ ရက်တွင် ချိန်းဆိုခဲ့သော်လည်း မိုးအောင်ရင်က ကျန်းမာရေးမကောင်းသောကြောင့် ရုံးတော်သို့ ခွင့်တိုင်ကြားခဲ့သည်။


Crd : 7Days #Myanmar_Online_News
0 comments:
Post a Comment