Monday, August 10, 2020

အိန္ဒိယတွင် မုတ်သုံမိုးများနေသောကြောင့် မြေပြိုမှုအတွင်း လူ(၄၃)ဦးသေဆုံး

အိန္ဒိယအနောက်တောင်ဘက်မှာ မုတ်သုံမိုးများကြောင့် မြေပြိုမှုကြီးကြီးမားမား ဖြစ်ပွားခဲ့ပြီး လူ(၄၃)ဦး သေဆုံးခဲ့ကာ ကူညီကယ်ဆယ်ရေးများကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ကီရာလာပြည်နယ်ရဲ့ Thiruvananthapuramကနေ ၁၅၅မိုင်အကွာခန့် Idukkiခရိုင်မှာ မြေပြိုမှုဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ မြေပြိုမှုက သောကြာနေ့ကတည်းက ဖြစ်နေခဲ့တာဖြစ်ပေမဲ့ အဆက်မပြတ်ရွာသွန်းတဲ့မိုးများကြောင့် ကယ်ဆယ်ရှာဖွေရေးများ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။
သောကြာနေ့ညမှာ သေဆုံးသူ ၂၆ဦးကိုတွေ့ရှိခဲ့ရပြီး ဒီကနေ့အထိကတော့ ၄၃ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။ သတင်းတွေအရတော ဒီနေရာမှာ လူပေါင်း၇၈ဦးခန့် ရှိနေနိုင်ပြီး အတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကီရာလာပြည်နယ်ဟာ နှစ်စဉ်လိုလို မုတ်သုံမိုးများကြောင့် ရေကြီးမှုအတွင်း သေဆုံးမှု ရှိလေ့ရှိတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ ယခင်ရက်ကလည်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း ၁၈ဦးသေဆုံးခဲ့ရပါသေးတယ်။ အဆက်မပြတ်ရွာသွန်းဆဲ မုတ်သုံမိုးကြောင့် တောင်အာရှတစ်ခွင်မှာရှိတဲ့ မြစ်များနဲ့ မြေအပြင်မှာ ရေကြီးရေလျှံမှုတွေကို ဖြစ်စေပြီး သေဆုံးပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်များအတွင်းမှာတင် အိန္ဒိယအရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါတို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုနဲ့မြေပြိုမှုများအတွင်း လူပေါင်း(၃၀၀)ကျော် သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Source - AFP
Crd : အောင်အောင်ဦး(MRTV)

0 comments:

Post a Comment