Wednesday, August 5, 2020

စည်းလုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သီဆိုခဲ့တဲ့ “ငါတို့အားလုံးရဲ့ မြေ”သီချင်းကို ဝေဖန်နေကြတဲ့အပေါ် ပြောပြလာတဲ့ အဆိုတော် ယုန်လေး

အဆိုတော်ယုန်လေးကိုယ်တိုင်ရေး၊ ကိုယ်တိုင်ပါဝင်တဲ့အပြင် နိုင်ငံကျော်အဆိုရှင်တွေများစွာ ပါဝင်ထားတဲ့ “ငါတို့အားလုံးရဲ့ မြေ” သီချင်းကို အွန်လိုင်းကနေထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
နယ်ပယ်စုံကဝေဖန်မှုတွေ မတူဘဲ၊ ပြင်းထန်တဲ့အပြစ်တင်မှုတွေက သီချင်းထဲတွင် ပါဝင်တဲ့သူတွေနဲ့ မသက်ဆိုင်ဘဲ သူနဲ့သာသက်ဆိုင်ကြောင်း အဆိုတော်ယုန်လေးက ဆိုထားပါတယ်။
"ကျွန်တော် ဒီသီချင်းလေးကို အများကြီးအပင်ပန်းခံစိတ်နှစ်ပြီးလုပ်ခဲ့တာတွေက အခုလို ဖြစ်သွားတာအရမ်းစိတ်ထိခိုက်ပါ တယ်ဗျာ။ အနုပညာကိုအနုပညာလိုပဲ မြင်ပေးပါဆိုတဲ့ စကားကိုမပြောတော့ပါဘူး။ တကယ် ရူးသွပ်ထားတာပါ။ ကျွန်တော့်မှာ စည်းလုံးစေချင်တဲ့ရည်ရွယ်ချက်ကလွဲပြီးကျန်တာဘာမှမရှိပါဘူး။ ဒီနေ့ ဒီသီချင်းလေး ကြောင့်စိတ်အနှောင့်ယှက် ဖြစ်သွားသူ တစ်ယောက်စီတိုင်း၊ ကျွန်တော်နဲ့ ခင်တဲ့ အနုပညာရှင်တစ်ချို့ရောကျွန်တော့် ထက်ငယ်တဲ့ အနုပညာ ရှင်တွေရော၊ ကြီးတဲ့ အနုပညာရှင်တွေရော၊ တခြားနယ် ပယ်အသီးသီးမှ လူအယောက်စီတိုင်း စိတ်အနှောင့်ယှက်ဖြစ်သွားရင်တကယ် တောင်းပန်ပါ တယ်ခင်များ။ ဘာဖြစ်ဖြစ်ကျွန်တော့်မှာပဲတာဝန်ရှိပါတယ်ခင်များ။ ပါဝင်တဲ့သူများနဲ့ လုံးဝ မဆိုင်ပါဘူး။ အကုန်လုံးမေတ္တာဖြစ် ကူညီကျတာပါ။ သူတို့နဲ့ လုံးဝမဆိုင်ပါဘူး။ ဆဲချင်တဲ့ သူများကျေနပ်အောင်ဆဲကျပါ။ Comment ဖွင့်ထားပါတယ်။ အရင်တုန်းက တော့စိတ်အခန့်မသင့်ရင် Block တယ်။ အခုကတော့ကျွန်တော်မ Block ပါဘူး။ လွတ်လပ်စွာ ကြိုက်သလို ပြောဆိုလိုရပါ တယ်ခင်များ။ ကျွန်တော် စိတ်ရင်းနဲ့ ရပ်တည်ချက်ကိုတော့ မြင်စေချင်ပါတယ်ခင်များ။ အားလုံးကိုထပ်ပြီး တောင်းပန်ပါတယ်" လို့ သူ့ရဲ့ဆိုရှယ်မီဒီယာထက်မှာရေးသားတောင်းပန်ထားတာတွေ့ရပါတယ်။
ဒီသီချင်းမှာပါဝင်တဲ့သီချင်းစာသားတွေကို အဆိုတော်ယုန်လေးအနေနဲ့ ၂၀၁၈ ခုနှစ်ကတည်းကစတင်ရေး သားခဲ့ပြီး၊ စာသား တစ်ကြောင်းစီမှာ ခံစားချက်အပြည့် ရှိတယ်လို့လည်း ယုန်လေးက ဆိုထားပါတယ်။
Source - Yone Lay

0 comments:

Post a Comment