Saturday, August 22, 2020

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ပေးရန် ဦးဌေးအောင်၏ ကန့်ကွက်လွှာတင်သွင်းမှု ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်မှ ထပ်မံပယ်ချ

NLD ပါတီမှ ကော့မှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ပေးရန် ဦးဌေးအောင်၏ ကန့်ကွက်လွှာတင်သွင်းမှု ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်မှ ခရိုင်ကော်မရှင် ဆုံးဖြတ်ချက်အတိုင်း ဆက်လက်အတည်ပြုကာ ထပ်မံပယ်ချခဲ့ကြောင်း သိရသည်။
ဦးဌေးအောင်သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာ တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူဖြစ်သည်။ ထို့အပြင် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စား လှယ်လောင်း စာရင်းမှ ဖယ်ရှားရန် ကြိုးပမ်းနေသူလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ပအထောက်အပံ့ လက်ခံရယူထားခြင်း၊ ကိုဗစ်ကာလအ တွင်း ပြည်သူများအား နိုင်ငံတော် ဘတ်ဂျက်ဖြင့် ထောက်ပံ့မှုကို မဲဆွယ်စည်းရုံးမှုအတွက် အသုံးချခြင်းတို့ လုပ်ဆောင်သည်ဟု ဦးဌေးအောင်က စွပ်စွဲထားသည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ခွင့်မပြုရန် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံ ဦးဌေးအောင်က ကန့်ကွက်လွှာတင်သွင်းခဲ့သည်။
ယင်းကန့်ကွက်လွှာတင် သွင်းမှုကို ခရိုင်ကော်မရှင်က လက်ခံစိစစ်ပြီးနောက် သက်သေမခိုင် လုံသဖြင့် ပယ်ချရန် ဆုံးဖြတ်ခဲ့ သည်။ ကန့်ကွက်လွှာ တင်သွင်းမှု ကို ခရိုင်ကော်မရှင်က ပယ်ချပြီး နောက် ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ထံ ဦးဌေးအောင်က ယမန်နေ့ (သြဂုတ် ၂၁ ရက်)တွင် ဆက်လက်တင်သွင်းခဲ့သေး သည်။
ခရိုင်ကော်မရှင် ဆုံးဖြတ် ချက်အတိုင်း ဆက်လက်အတည် ပြုကာ ကန့်ကွက်လွှာကို ပယ်ချခဲ့ ကြောင်း ရန်ကုန်တိုင်းကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။
‘‘သူ့ရဲ့ အယူခံရက်က ဒီနေ့နောက်ဆုံးဖြစ်နေတယ်။ ကျွန်တော်ကလည်း နေပြည်တော်ကို သွားရဖို့ရှိတော့ ဌာနဆိုင်ရာအားလုံး၊ တိုင်းကော်မရှင်အဖွဲ့ဝင်အား လုံးကို ခေါ်ယူပြီးတော့ ဒီနေ့မနက်ပိုင်းကပဲ ဆုံးဖြတ်ချက်ချလိုက်ပါ တယ်။ တင်လာတဲ့ကိစ္စတွေက မခိုင်လုံတဲ့အတွက် အောက်ရုံး အမိန့်ကို အတည်ပြုလိုက် တာပါ’’ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် ဦးဌေးအောင်အား ပုဇွန်တောင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးက တရားလိုပြုလုပ်၍
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ယမန်နေ့ (ဩဂုတ် ၂၁ ရက်) ညနေ ၄ နာရီ၃၅ မိနစ်အချိန်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

0 comments:

Post a Comment