Monday, August 17, 2020

ရုရှားနှှင့် အမေရိကန်တို့သည် အီရန်နိုင်ငံအရေးနှင့်ပတ်သက်၍ ၇ နိုင်ငံထိပ်သီး အစည်းအဝေးကျင်းပနိုင်ရေး ဆွေးနွေး

ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Lavror နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo တို့သည် ဩဂုတ်လ ၁၆ ရက်နေ့တွင် အီရန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ရုပ်သံအစည်းအဝေးတစ်ခုကျင်းပရေး ရုရှားနိုင်ငံ၏အဆိုအပေါ် တယ်လီဖုန်းမှတဆင့် ဆွေးနွေးခဲ့ကြပါသည်။
ဩဂုတ်လ ၁၄ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ Putin သည် အီရန်နိုင်ငံ နျူကလီးယားသဘောတူချက်ဟု လူသိများသော ပူးပေါင်းဘက်စုံပူးပေါင်းဆောင်ရွက် မှုကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအပါအဝင် ပြ ဿနာများကိုဆွေးနွေးရန်အ တွက် အီရန်နိုင်ငံ၊ ဂျာမဏီနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အစည်းအဝေးတစ်ခုပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။
သမ္မတပူတင်၏ ကြေငြာချက်တွင် “မိမိအနေဖြင့် မကြာမီအချိန်ကာလတွင် အီရန်နိုင်ငံ၊ ဂျာမဏီနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲတို့အနေဖြင့် အွန်လိုင်းအစည်းအဝေးတစ်ခုကို လုပ်ဆောင်သွားရန် မိမိတို့အနေဖြင့် အကြံပေးလိုကြောင်း” ပြောကြားခဲ့ပါသည်။
Lavror နှင့် Pompeo တို့သည် တယ်လီဖုန်းမှတဆင့်ဆွေးနွေးကြစဉ်တွင် ရုရှားအနေဖြင့် အီရန်နိုင်ငံနျူကလီး ယားသဘောတူညီချက်ကို အကောင်အထည်ဖော် ရာတွင် နိုင်ငံတကာဉပဒေကိုအခြေခံသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၃၁ ကို အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါသည်။
Lavror မှ အီရန်၏နျူးကလီယားအရေးသည် အဓိကကျသောနိုင်ငံရေးနှင့် သံတမန်ရေးရာအောင်မြင်မှုတစ်ခုဖြစ်ကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နျူကလီးယားလက်နက်မပြန့်ပွားရေးနှင့် ဒေသဆိုင်ရာလုံခြုံရေး ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။ ထုတ်ပြန်ကြေငြာချက်အရ lavrov နှင့် pompeo တို့သည် မကြာမီကာလတွင် နှစ်နိုင်ငံဆက်သွယ်ရေးအစီအစဉ်များနှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမှုမတိုင်မီ အမေရိကန်ပြည်ထောင်စုသည် ဩဂုတ်လ ၁၄ ရက်နေ့ တွင် အီရန်နိုင်ငံအပေါ် ကုလသမ ဂ္ဂ၏ လက်နက်ရောင်းချမှုပိတ်ဆို့မှုတိုးမြှင့်ပေးရန် ကြိုးစားခဲ့ပြီး ၎င်းမှာမအောင်မြင်ခဲ့ပါ။လုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုကာကွယ် ရန်အတွက် ပြတ်သားသောအရေးယူဆောင်ရွက်မှုကိုဆောင်ရွက်ရန် ပျက်ကွက်မှုသည် ခွင့်လွတ်နိုင်စရာမရှိကြောင်း Pompeo မှ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါသည်။ လုံခြုံရေးကောင်စီမှ အီရန်နိုင်ငံ၏အကြမ်းဖက်မှုများကြောင့် အန္တရာယ်ဖြစ်စေသော အရှေ့အ လယ်ပိုင်းဒေသရှိနိုင်ငံများမှ လက်နက်တင်ပို့မှုပိတ်ဆို့မှုတိုးမြှင့်ရန် တိုက်ရိုက် အဆိုကို ပယ်ချခဲ့ပါသည်။
တရုတ်မှ ရုရှားနိုင်ငံ၏အဆိုကို လက်ခံကြိုဆိုကြောင်းနှင့် ရုရှာနိုင်ငံအနေဖြင့် အီရန်၏ နျူကလီးယားသဘော တူညီချက်အပေါ် တင်းမာမှုများလျော့နည်းသွားစေရန် ကြိုးစားနေမှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။
ရုပ်/သံအစည်းအဝေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြေခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Zhao Lijian မှ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ နျူကလီးယားအရေးဖြေရှင်း ရာတွင် နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်များ တိုးတက်မှုရှိ စေရန် ဆက်စပ်မှုရှိခဲ့သော ပါတီများနှင့် ရင်နှီးစွာထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment