Wednesday, August 12, 2020

ပထမဆုံး ကိုဗစ် ကာကွယ်ဆေးရရှိကြောင်း ရုရှားအတည်ပြု

ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အောင်မြင်မှုတစ်ခုအဖြစ် ပထမဆုံး ကိုဗစ်နိုင်တီး ကာကွယ်ဆေးကို ရရှိပြီဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်သော ဆေးဝါးတစ်မျိုးအဖြစ် အတည်ပြုကြောင်း ၎င်း၏သမီးများထဲက တစ်ဦးသည်ပင်လျင် ကာကွယ်ဆေးထိုးကုသမှု ခံယူပြီးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားလိုက်ပါတယ်။
အနောက်နိုင်ငံမှ သိပ္ပံပညာရှင်များက ရုရှားရဲ့ ကာကွယ်ဆေးများ တိုးတက်မှုအရှိန်ကို သတိထားနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးများနဲ့ VIDEO CONFERENCEပြုလုပ်စဉ်မှာ ပူတင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ( လုံး၀ထိရောက်မှုရှိတာကိုလည်း သိပါတယ်။ ရေရှည်တွန်းလှန်မှုလည်း ပေးမှာပါ။ ) လို့ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Gamaleya သုတေသနနည်းပညာရဲ့ တိုးတက်လုပ်ဆောင်မှုကနေ ရရှိလာတဲ့ ဒီကာကွယ်ဆေးကိုလည်း သမီးများထဲကတစ်ဦးမှာ ထိုးနှံပြီးကုသပြီးကြောင်း ပြောကြားခဲ့တာပါတယ်။
လက်တွေ့ဆေးဝါးစမ်းသပ်မှုတွေကိုလည်း ဆက်လက်ပြီး ထောင်ချီကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Mikhail Murashkoက ပြောပါတယ်။ ဆေးဝန်ထမ်းများကိုလည်း မကြာမတင် ကာကွယ်ဆေးထိုးနှံခြင်းတွေ လုပ်ဆောင်ပေးသွားဖို့ မျှော်လင့်ကြောင်း ကျန်းမာရေးရာကိစ္စများမှာ အစစတာဝန်ယူနေရသူ ဒုတိယဝန်ကြီးချုပ် Tatyana Golikovaက ပြောကြားခဲ့ပါတယ်။
Gamaleyaရဲ့ ကာကွယ်ဆေးဟာ Adenovirus (အက်ဒီနိုဗိုင်းရပ်စ်)ကို အခြေခံပြီး ဒါကလည်း တရုတ်ရဲ့ CanSinoကလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှေ့ပြေးပုံစံရဲ့ နည်းပညာနဲ့ဆင်တူတာလည်း ဖြစ်ပါတယ်။ နိုင်ငံပိုင် Gamaleyaနည်းပညာအနေနဲ့ ဒီရှေ့ပြေးပုံစံကို လအတန်ကြာကတည်းက သုတေသီတွေနဲ့ သုတေသန ညွှန်ကြားရေးမှူးတွေမှာပါ ထိုးနှံပြီးစမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။
>>Zawgyi<<
ပထမဆုံး ကိုဗစ် ကာကွယ်ဆေးရရှိကြောင်း ရုရှားအတည်ပြု
Wednesday, August 12, 2020
ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အောင်မြင်မှုတစ်ခုအဖြစ် ပထမဆုံး ကိုဗစ်နိုင်တီး ကာကွယ်ဆေးကို ရရှိပြီဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်သော ဆေးဝါးတစ်မျိုးအဖြစ် အတည်ပြုကြောင်း ၎င်း၏သမီးများထဲက တစ်ဦးသည်ပင်လျင် ကာကွယ်ဆေးထိုးကုသမှု ခံယူပြီးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားလိုက်ပါတယ်။
အနောက်နိုင်ငံမှ သိပ္ပံပညာရှင်များက ရုရှားရဲ့ ကာကွယ်ဆေးများ တိုးတက်မှုအရှိန်ကို သတိထားနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးများနဲ့ VIDEO CONFERENCEပြုလုပ်စဉ်မှာ ပူတင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ( လုံးဝထိရောက်မှုရှိတာကိုလည်း သိပါတယ်။ ရေရှည်တွန်းလှန်မှုလည်း ပေးမှာပါ။ ) လို့ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Gamaleya သုတေသနနည်းပညာရဲ့ တိုးတက်လုပ်ဆောင်မှုကနေ ရရှိလာတဲ့ ဒီကာကွယ်ဆေးကိုလည်း သမီးများထဲကတစ်ဦးမှာ ထိုးနှံပြီးကုသပြီးကြောင်း ပြောကြားခဲ့တာပါတယ်။
လက်တွေ့ဆေးဝါးစမ်းသပ်မှုတွေကိုလည်း ဆက်လက်ပြီး ထောင်ချီကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Mikhail Murashkoက ပြောပါတယ်။ ဆေးဝန်ထမ်းများကိုလည်း မကြာမတင် ကာကွယ်ဆေးထိုးနှံခြင်းတွေ လုပ်ဆောင်ပေးသွားဖို့ မျှော်လင့်ကြောင်း ကျန်းမာရေးရာကိစ္စများမှာ အစစတာဝန်ယူနေရသူ ဒုတိယဝန်ကြီးချုပ် Tatyana Golikovaက ပြောကြားခဲ့ပါတယ်။
ရုရှားအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လျင်လျင်မြန်မြန်ပဲ တွန်းအားပေးဆောင်ရွက်နေပြီး ယခုလအစောပိုင်းကစပြီး အင်အားပြည့်ထုတ်ကာ သီတင်းပတ်များအတွင်း အလုံးရေးသန်းနဲ့ချီကာ တစ်လတစ်လ ထုတ်လုပ်သွားပြီး နောက်နှစ်ထိ ဆက်ထုတ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ရုရှားအနေနဲ့ လုံခြုံစိတ်ချရတဲ့ ကာကွယ်ဆေးတစ်မျိုးကို တိုးတက်ထုတ်လုပ်ရာမှာ အဆင့်တိုင်းအဆင့်တိုင်းမှာ ထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုများအတိုင်း လိုက်နာပြီး ဆောင်ရွက်ဖို့ ယခင်တစ်ပတ်ကတည်းက တိုက်တွန်းထားပါတယ်။
WHOအနေနဲ့ လက်ရှိရုရှားရဲ့ ကာကွယ်ဆေးနဲ့ပက်သက်ပြီး တရားဝင်သိရတာမျိုးတော့ မရှိသေးကြောင်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ရန်ပုံငွေနဲ့သုတေသနပိုင်းတွေမှာ အလျင်လိုစွာပဲ ကာကွယ်ဆေးရဖို့ ကြိုးစားနေကြပြီး ဆေးရမှာသာလျင် ကမ္ဘာတစ်ဝန်းက လူပေါင်းများစွာရဲ့အသက်ကို ကယ်နိုင်မှာလည်း ဖြစ်ပါတယ်။ Viral vector vaccine – ရုရှားရဲ့ ကာကွယ်ဆေးဟာ viral vector vaccineလို့ခေါ်ပြီး အခြားဗိုင်းရပ်စ်တစ်မျိုးကို DNAသယ်ဆောင်ဖို့အဌားယူစေကာ ဒီထဲမှာ ဆဲလ်တွင်းကလိုအပ်သော ကိုယ်ခံစွမ်းအားကို တုံ့ပြန်မှုရသော နည်းဖြစ်ပါတယ်။
Gamaleyaရဲ့ ကာကွယ်ဆေးဟာ Adenovirus (အက်ဒီနိုဗိုင်းရပ်စ်)ကို အခြေခံပြီး ဒါကလည်း တရုတ်ရဲ့ CanSinoကလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှေ့ပြေးပုံစံရဲ့ နည်းပညာနဲ့ဆင်တူတာလည်း ဖြစ်ပါတယ်။ နိုင်ငံပိုင် Gamaleyaနည်းပညာအနေနဲ့ ဒီရှေ့ပြေးပုံစံကို လအတန်ကြာကတည်းက သုတေသီတွေနဲ့ သုတေသန ညွှန်ကြားရေးမှူးတွေမှာပါ ထိုးနှံပြီးစမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံများရဲ့ ဓာတ်ခွဲခန်းများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အချက်အလက်များကို ရုရှားကခိုးယူနေတယ်ဆိုတဲ့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ရဲ့ စွပ်စွဲချက်များကိုလည်း မော်စကိုက ငြင်းဆိုထားတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ကူးစက်မှုပေါင်း ၈၉၇၀၀၀ကျော်ရှိနေပြီး အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယပြီးရင် ရုရှားရဲ့ကူးစက်ခံရမှုက ကမ္ဘာ့အဆင့်လေးမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment