Monday, August 24, 2020

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရှိနေ၍ ရေယာဉ်လိုင်းများကို သုံးရက်ထပ်တိုးပိတ်မည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင်ရှိသဖြင့် လူစီးရေယာဉ်လိုင်းများနှင့် ကုန်တင်ရေယာဉ်များကို ဩဂုတ်လ ၂၄ ရက်မှစတင်ကာ သုံးရက်ထပ်တိုးပိတ်ထားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျကြီးကြပ်မူကော်မတီမှ သိရသည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာရောက်ရှိနိုင်သော ယခုလ ၂၁ ရက်မှ ၂၄ ရက်အထိ ရေယာဉ်သွားလာမူများကို ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွန်ကြားထားသော်လည်း ယခုအခါ မြစ်ရေသည် ၁၀၀၀ စင်တီမီတာ အထက်တွင် ရှိနေသေးသည့်အတွက် ထပ်တိုးပိတ်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမူဦးစီးဌာနမှ သြဂုတ်လ ၂၄ ရက်တွင်ထုတ်ပြန်သော တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၈ စင်တီမီတာ အထိရောက်ရှိနေသည့်အပြင် ဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊ကလေးဝ၊မင်းကင်း မြို့တို့တွင်လည်း စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်းသိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရှိနေ၍ ရေယာဉ်လိုင်းများကို သုံးရက်ထပ်တိုးပိတ်မည်
Monday, August 24, 2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင်ရှိသဖြင့် လူစီးရေယာဉ်လိုင်းများနှင့် ကုန်တင်ရေယာဉ်များကို ဩဂုတ်လ ၂၄ ရက်မှစတင်ကာ သုံးရက်ထပ်တိုးပိတ်ထားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျကြီးကြပ်မူကော်မတီမှ သိရသည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာရောက်ရှိနိုင်သော ယခုလ ၂၁ ရက်မှ ၂၄ ရက်အထိ ရေယာဉ်သွားလာမူများကို ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွန်ကြားထားသော်လည်း ယခုအခါ မြစ်ရေသည် ၁၀၀၀ စင်တီမီတာ အထက်တွင် ရှိနေသေးသည့်အတွက်ထပ်တိုးပိတ်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမူဦးစီးဌာနမှ သြဂုတ်လ ၂၄ ရက်တွင်ထုတ်ပြန်သော တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၈ စင်တီမီတာ အထိရောက်ရှိနေသည့်အပြင် ဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊ကလေးဝ၊မင်းကင်း မြို့တို့တွင်လည်း စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်းသိရသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment