Sunday, August 9, 2020

ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် အစ္စရေး ပြည်သူများ ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ကိုင်တွယ်ပုံနဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အိမ်တော်နားမှာ ဩဂုတ် ၈ ရက်က ထောင်နှင့်ချီသော အစ္စရေးပြည်သူ တွေက နိုင်ငံတော်အလံတွေေ ‌ဝှေ့ယမ်းပြီး ဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ ကိုဗစ်ကပ်ဘေးကြောင့် အလုပ်အကိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ရမှုကို မကိုင်တွယ်နိုင်တဲ့အတွက် နုတ်ထွက်သင့်တယ်လို့ ပြောဆိုပါတယ်။
အစိုးရကို ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မြင့်တက်လာနေတာပါ။ အစ္စရေးဟာ မေလလယ်ကတည်းက တစိတ်တပိုင်း အသွားအလာ မြို့ဝင်မြို့ထွက် ပိတ်ဆို့ လော့ဒေါင်းချမှုကို ဖြေလျှော့ပေးခဲ့ပေမဲ့၊ ဒုတိယလှိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာနေပါတယ်။ နေတန်ယာဟုရဲ့ လူကြိုက်များမှု နှုန်းဟာလည်း လူကြိုက်များမှု စာရင်းမှာ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့တာ တွေ့ရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment