Friday, August 14, 2020

ဘင်္ဂါလီများဝင်ရောက်ရွေးကောက်ခံနိုင်ရေး မြန်မာနိုင်ငံကို တိုက်တွန်း

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို အမျိုးသာစိစစ်ရေးကတ် (NVC) လုပ်ငန်းများ ဖျက်သိမ်းပေးရန်နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ပြုရန် Fortify Rights အဖွဲ့ကတိုက်တွန်းလိုက်သည်။
“ကိုယ်ပိုင်လက္ခဏာနဲ့နိုင်ငံသားဖြစ်ခွင့်တွေကို ငြင်းဆိုတယ်ဆိုတာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရဲ့အမှောင်ဘက်ခြမ်းက အူတိုင်တွေဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီအချက်ကိုအသိအမှတ်ပြုပြီး ချက်ချင်းအရေးယူဆောင်ရွက်ရပါမယ်”ဟု Fortify Rights အဖွဲ့ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မက်သယူး စမစ်ကပြောသည်။
လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီများဦးဆောင်သည့်နိုင်ငံရေးပါတီတွေများတွင် ကိုယ်စား လှယ်လောင်းတင်သွင်းခွင့်ရှိကြောင်း သေချာစေရန်လုပ်ပေးသင့်ကြောင်း ကြာသပ တေးနေ့တွင်ပြောသည်။
စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်က ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှဘင်္ဂါလီပါတီဝင်အဗ္ဗဒူ ရာရှစ်၏ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့တိုက်တွန်းခြင်းဖြစ်သည်။
ရာရှစ်သည် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန်စီစဉ်ထားသည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ပယ်ချခံရသည့် ပထမဆုံးဘင်္ဂါလီအမျိုးသားဖြစ်သည်။ဘင်္ဂါလီတစ်ဒါဇင်ကျော် ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသည်ဟု Fortify Rights ကပြောသည်။
“ဘင်္ဂါလီတွေကို သူတို့က လွှတ်တော်ထဲမရောက်စေချင်ဘူး။ ဒါ အခုလိုဖြစ်လာရတဲ့တစ်ခုတည်းသောအ ကြောင်းရင်းပါပဲ။” ဟု ရာရှစ်က Fortify Rights အဖွဲ့ကိုပြောသည်။ “ဘာလို့ ဘင်္ဂါလီတွေအတွက် ကန့်သတ် ချက်တွေရှိနေတာလဲ။ ဘာ့ကြောင့် ဘင်္ဂါလီတွေအတွက် သီးခြားမေးခွန်းတွေရှိနေတာလဲ။ ဒါ ကျွန်တော့်မေး ခွန်းတွေပါ” ဟုလည်းပြောသည်။
ရာရှစ်၏ကိုယ်စားလှယ်လောင်းတင်သွင်းလွှာကို ပယ်ချရာတွင် “သူမွေးဖွားချိန်၌ မိဘ ၂ ဦးစလုံး မြန်မာနိုင်ငံသားဖြစ်နေခြင်းမရှိ”ဟု စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်၏စာတွင်ပါဝင်သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment