Monday, August 24, 2020

မြန်မာနိုင်ငံကို ကန်ဒေါ်လာ သန်း ၄၁၀ ခန့် တန်ဖိုးရှိ အထောက်အပံ့များပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဆို

မြန်မာနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းရန် ကန်ဒေါ်လာ သန်း ၄၁၀ ခန့် တန်ဖိုးရှိ အထောက်အပံ့များပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi က ပြောကြားလိုက်သည်။
ကိုဗစ်ကာလအတွင်းချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်သော ပြည်ပနိုင်ငံများအနက် ပထမဆုံးသော နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ဆုံးခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့ က ရောက်ရှိနေခြင်း ဖြစ်သည်။
ယခု အချိန်အထိ နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာအဖွဲ့အစည်း များမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိသော နည်းပညာအကူအညီများနှင့် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာ အထောက် အပံ့များကို ပေးအပ်ခဲ့သည့်အပြင် စီးပွားရေးအကျပ် အတည်းများကို ဖြေရှင်းရန်အတွက် အမေရိ ကန်ဒေါ်လာ သန်း ၄၁၀ တန်ဖိုးခန့်ရှိသော အထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ် ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi ကသတင်းစကားပါးခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် ရခိုင်အရေးကိစ္စအပေါ် အထူး အလေးထားကြောင်းနှင့်ရိုးရှင်းလွယ်ကူသည့် စိန်ခေါ်မှု မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားပြီး မြန်မာနိုင်ငံသားများ၏ ဉာဏ်အမြော် အမြင်ဖြင့် မြန်မာနိုင်ငံတွင် လူများအားလုံးအတူယှဉ်တွဲ နေထိုင်ကြပြီး သာယာဝပြောသော လူ့အသိုက်အဝန်းကို ကျိန်းသေပေါက် အတူတကွတည်ဆောက်နိုင်ကြလိမ့်မည် ဟု ထင်မြင်ယူဆမိကြောင်း ယင်းကပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံမှ အလုပ်သင်အလုပ်သမားနှင့် ပညာတော်သင်ကျောင်းသား အများအပြား ဂျပန်နိုင်ငံသို့သွားရောက်ရန် စောင့်ဆိုင်းလျက်ရှိကြကြောင်းကိုလည်း မိမိအနေဖြင့် ကောင်းစွာသိရှိထား ကြောင်း၊COVID-19 ရောဂါ ထပ်မံ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ပြီး နှစ်နိုင်ငံ စလုံးအတွက် အဆင်ပြေမည့်ပုံစံမျိုးဖြင့် အသွားအလာများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအ ကြားဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံအနေဖြင့် အစွမ်းကုန် ကူညီထောက်ပံ့လျက်ရှိကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
>>zawgyi<<

Tuesday, August 25, 2020

0 comments:

Post a Comment