Thursday, August 20, 2020

တရုတ်နိုင်ငံ ချုံကျင်းပြည်နယ်၌ ၁၉၃၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေဘေး ဖြစ်ပွားနေ

တရုတ်နိုင်ငံ ချုံကျင်းပြည်နယ်မှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေဘေး တောင့်ခံနေရပြီး ယန် ဇီမြစ်ပေါ်ရှိ ကန်တန်စခန်းမှာ ယနေ့နံနက်ပိုင်းတွင် ၁၉၃၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးမြစ်ရေကြီးမှု ကြုံတွေ့ခဲ့ရသည်။
ချုံကျင်း အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဗျူရို၏ ပြောကြားချက်အရ ကန်တန်စခန်း၌ ယန်ဇီမြစ်ရေမှာ ၁၉၁ ဒသမ ၅၁ မီတာရှိပြီး ၁၉၈၁ ခုနှစ်တွင် လူပေါင်း ၁ ဒသမ ၅ သန်း အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် ရေဘေးထက် ဒသမ ၁ မီတာ ပိုများကြောင်း သိရသည်။
ချုံကျင်းပြည်နယ်အတွင်း သီးနှံစိုက်ခင်းမြေ စတုရန်းကီလိုမီတာ ၈၆၆၀ ရေနစ်မြုပ်ခဲ့ပြီး ရေကြီးရေလျှံမှု များကြောင့် တိုက်ရိုက် စီးပွားရေးအရ ဆုံးရှုံးမှုမှာ ဒေါ်လာ ၃၉၄ သန်းနှင့်ညီမျှသည့် ယွမ် ၂ ဘီလီယံခန့်အထိ ရှိခဲ့ သည်။
အာဏာပိုင်များသည် သြဂုတ်လ ၁၈ ရက်က ရေဘေးထိန်းချုပ်မှု တုံ့ပြန်ချက်အဆင့်ကို အဆင့် ၁ အထိ တိုးမြှင့်ခဲ့ရာ အဆင့်လေးဆင့်ပါ ရေဘေးသတိပေးချက်တွင် အမြင့်ဆုံးအဆင့် ဖြစ်လာခဲ့သည်။
အထက်ပိုင်း ယန်ဇီဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ပိုင်း ယန်ဇီရေဝပ်ဧရိယာတွင် တည်ရှိသည့် ချုံကျင်းပြည်နယ်မှာ ယခုနှစ်အတွင်း ပ ဉ္စမအကြိမ်မြောက် အဆိုးရွားဆုံးရေဘေး ကြုံတွေ့ခဲ့ခြင်းဖြစ် သည်။
တရုတ်အစိုးရက စီချွမ်၊ ရှန်းစီး၊ ဂင်စုနှင့် ချုံကျင်းပြည်နယ်များ၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယွမ် သန်း ၄၆၀ (ဒေါ်လာ ၉၀ ဒသမ ၇ သန်း) ခွဲဝေသတ်မှတ်ခဲ့ကြောင်း အရေးပေါ်အခြေအနေ စီမံ ခန့်ခွဲရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ပုံငွေများကို ရေဘေးသင့်ဒေသများတွင် ရေဘေးထိန်းချုပ်ရေး အရေးပေါ်ကယ်ဆယ်ရေးနှင့် ဘေး အန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးတို့အတွက် သုံးစွဲမည်ဖြစ်သည်။
ဒေသန္တရ ရေဘေးထိန်းချုပ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကူညီပေးရန် စီချွမ်ပြည်နယ်သို့ ကယ်ဆယ်ရေးလုပ်သား ၅၀၀ ပါ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း အရေးပေါ်အခြေအနေ စီမံခန့် ခွဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref ; People Media

0 comments:

Post a Comment