Friday, August 7, 2020

လာမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါက အစိုးရဖွဲ့နိုင်သည်အထိအောင်မြင်မှုရရှိမည်ဟု ပြည်ခိုင်ဖြိုးပါတီ မျှော်မှန်းထား

လာမည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်ပြည်ထောင်စူရွေးကောက်ပွဲကော်မရှင်အနေဖြင့်သတ်မှတ်ထားသည့်စံ (၅)ချက်နှင့်အညီ ဆောင်ရွက်မည်ဆိုပါက အစိုးရဖွဲ့နိုင်သည်အထိအောင်မြင်မှုရရှိမည်ဟုမျှော်လင့်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောသည်။
သြဂုတ်လ ၆ ရက်နေ့က ပါတီ၏ ပြည်ထောင်စု နယ်မြေရုံးတွင်ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ပြည်ထောင်စုနယ်မြေ မှ မဲစာရင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ်ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်မတို့က ရွေးကောက်ပွဲကော်မရှင်ကသာဒီစံ ၅ချက်အပေါ်မူတည်ပြီးတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲသာပေါ်ပေါက်မယ်ဆိုရင် နေရာအများစုမှာနိုင်ပြီးအစိုးရဖွဲ့နိုင်လောက်တဲ့အထိအောင်မြင်မှုရရှိမယ်လို့မျှော်လင့်ထားပါတယ်။'' ဟု ဒေါ်ယဉ်မင်းမြင့်ဆွေကပြောသည်။
ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် လည်း အောက်ခြေပါတီဝင်များ၏သဘောထား၊နယ်မြေခံများ၏သဘောထား၊ပြည်သူလူဆန္ဒသဘောထားများကိုပေါင်းစပ်ပြီးကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲတွင် ပါတီဥက္ကဌ ဖြစ်သူ ဦးသန်းဌေးသည် နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပါတီမှ တနိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ဝန်းကျင် ခန့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
Source : သတင်းစာရှင်းလင်းပွဲ #Myanmar_Online_News

0 comments:

Post a Comment