Thursday, August 6, 2020

အိန္ဒိယနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံ မီးလောင်ရာ လူနာ ၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘတ်မြို့တော်ရှိ ကိုရိုနာဗိုင်းရပ်စ် လူနာများကုသရာ ပုဂ္ဂလိက ဆေးရုံတစ်ရုံ၌ ယနေ့နံနက် ၃ နာရီဝန်းကျင်က ဧရာမမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အထူးကြပ်မတ်ကုသဆောင်ရှိ အမျိုးသားငါးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားချိန်၌ ခုတင် ၅၀ ဆန့် အဆိုပါဆေးရုံ၌ အခြားလူနာ ၄၅ ဦးလည်း ဆေးရုံတင်ထား ကြောင်း၊ ကျန်ရှိသူများကို ကယ်တင်ကာ အနီးအနားရှိ ပြည်သူ့ဆေးရုံတစ်ခုဖြစ်သော ဆေးပညာသိပ္ပံနှင့် သုတေ သနအင်စတီကျု့သို့ ရွှေ့ပြောင်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက သူ၏မွေးရပ်ပြည်နယ်၌ မီးလောင်မှုအတွင်း သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များရရှိရန် ဆေးရုံအပြင်ဘက်၌ လူနာမိသားစုဝင်များ က ကြိုးပမ်းနေသလို မီးသတ်ဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မီးလောင်မှုဖြစ်ပွားရသော အကြောင်းရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဂူဂျာရတ်ပြည်နယ်ဝန်ကြီး ချုပ် ဗီဂျေးရူပါနီက ညွှန်ကြားခဲ့ပြီး ဆေးရုံကို ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
အာမက်ဒါဘတ်မြို့တော်ရှိ ဆေးရုံမီးလောင်မှုအတွင်း သေဆုံးခဲ့သူများကို ရူပီး ၂၀၀၀၀၀ စီနှင့် ဒဏ်ရာရရှိ သူများကို ရူပီး ၅၀၀၀၀ စီ ထောက်ပံ့မည်ဟု ဝန်ကြီးချုပ်၏ တွစ်တာပို့စ်အရ သိရသည်။
မီးလောင်မှုမှာ လျှပ်စီးပတ်လမ်းကြောင့် ဖြစ်ပွားခဲ့သည်ဟု သတင်းရပ်ကွက်များက ဆိုသည်။ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု ၆၅၀၀၀ ကျော်ဖြစ်ပွားရာ ဂူဂျာရတ်ပြည်နယ်မှာ အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်စ်ဘေးအသင့်ဆုံး ပြည်နယ် ၁၀ ခုတွင် ပါဝင်ပြီး လူနာ ၄၈၀၀၀ ဝန်းကျင် ပိုးကင်းစင်ပြီဖြစ်သည်။
>>Zawgyi<<

0 comments:

Post a Comment