Tuesday, August 11, 2020

အခွန်ငွေများကို ပြည်သူများကိုယ်စား အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာ စီမံသုံးစွဲရန် နိုင်ငံတော်သမ္မတပြော

ပြည်သူများ ထည့်ဝင်ထားတဲ့ အခွန်ငွေများကို ပြည်သူများကိုယ်စား အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာ စီမံသုံးစွဲရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားမှာ နိုင်ငံတော်သမ္မတေ ဦးဝင်းမြင့်က ယခုလိုပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
"ပြည်သူများအနေနဲ့ နိုင်ငံတော်ကို တာဝန်ကျေပွန်စွာနဲ့ သတ်မှတ်ထားတဲ့ အခွန်များ ပေးဆောင်တဲ့အတိုင်း အစိုးရများအနေဖြင့်လည်း အခွန်ထမ်းပြည်သူများ ထည့်ဝင်ထားတဲ့ အခွန်ငွေများကို ပြည်သူများကိုယ်စား အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာ စီမံသုံးစွဲရန် တာဝန်ရှိပါတယ်။ မိမိတို့အနေနဲ့ ကာလရှည်ကြာ ပျောက်ကွယ်ခဲ့တဲ့ အခွန်ယဉ်ကျေးမှုကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်ရာမာရှေးအစဉ်အလာအရ “ပြည့်ဝမ်း”ဟု ခေါ်ဆိုကြတဲ့ လုပ်ငန်းရှင်ကြီးများနဲ့ နိုင်ငံသားအားလုံးရဲ့ ပံ့ပိုးမှု၊ ကူညီမှုကလည်း အဓိကကျပါတယ်။ လုပ်ငန်းရှင်ကြီးများအနေနဲ့ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာ စံနှုန်းများနဲ့အညီ ဆောင်ရွက်နေပေမယ့်လည်း လုပ်ငန်းငယ်များအနေနဲ့ လက်လှမ်းမမီဖြစ်နေသေးတဲ့ ကိစ္စရပ်များကို စံနမူနာပြအဖြစ် လမ်းပြခေါ်ဆောင်ပြီး ဆောင်ရွက်ပေးစေလိုပါတယ်။" လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
အခွန်ကောက်ခံခြင်းက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးပြုရန် လိုအပ်တဲ့ အသုံးစရိတ်များကို ပြည်သူများကိုယ်တိုင် ထည့်ဝင်တဲ့ နည်းလမ်းဖြစ်ပြီး ပြည်သူများထံမှ အခွန်အဖြစ် ကောက်ခံတဲ့ ငွေကြေးတွေက အစိုးရဘတ်ဂျက်ထဲသို့ ရောက်ရှိသွားပြီး အစိုးရက ပြည်သူ့အကျိုး စီးပွားအတွက် ပြန်လည်အသုံး ပြုခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အခွန်က ပြည်သူများ ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းဟုလည်း ဆိုနိုင်ကြောင်း နိုင်ငံ တော်သမ္မတက ဆိုပါတယ်။
"နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့နဲ့ နိုင်ငံတော် ယန္တရားများ လည်ပတ်နိုင်ဖို့အတွက် ဘဏ္ဍာငွေ လိုအပ်ပါတယ်။ ဘဏ္ဍာငွေရရှိဖို့ သယံဇာတ အရင်းအမြစ်နဲ့ ပြည်ပချေးငွေများအပေါ် မှီခိုတဲ့ နည်းလမ်းထက် အခွန်ကောက်ခံခြင်းကသာ တိုင်းပြည်တစ်ခုရဲ့ မေခရိုစီးပွားရေး တည်ငြိမ်မှုနဲ့ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုကိုလည်း စဉ်ဆက်မပြတ် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။" လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
နိုင်ငံတော်အနေနဲ့ အခွန်ရရှိရေး တစ်ခုတည်းကိုသာကြည့်ပြီး အခွန်မူဝါဒများ ချမှတ်ဆောင်ရွက်နေခြင်း မ ဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသားများရဲ့ လိုအပ်ချက်၊ အခြေအနေနဲ့ အချိန်အခါများအရ ပြောင်းလွယ် ပြင်လွယ်ဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခွန်စနစ်ကို ရှင်းလင်းလွယ်ကူခြင်း၊ တရားမျှတမှုရှိခြင်း၊ တိကျမှန်ကန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ကြိုတင်ခန့်မှန်းနိုင်ခြင်း စတဲ့ အခြေခံအချက်များနဲ့ ပြည့်စုံစေရန် ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သိရပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment