Tuesday, August 18, 2020

ဖွင့်ခွင့်မရရှိသေးသည့် အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ကိုဗစ် ဗဟိုကော်မတီကို တင်ပြထားဟု ဆို

Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကျန်းမာရေး လမ်းညွှန်းချက်များနှင့် ဆောင်ရွက်ထားနိုင်သော်လည်း ဖွင့်ခွင့်မရရှိသေးသည့် အထက်တန်းကျောင်းများ အမြန်ဆုံးဖွင့် လှစ်နိုင်ရန် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။
ကိုဗစ်ရောဂါကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး နောက်ကျနေသည့်အတွက် ပြီးခဲ့သော ဇူလိုင် ၂၂ရက်က အထက်တန်းအဆင့်ကျောင်းတစ်ချို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်စေ၍ ဖွင့်လှစ်ခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းကျောင်း ၇၂၀၀ ခန့် ရှိသည့်အနက် ကျောင်းပေါင်း ၇၁၁၀ ကျော်ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချက် ၈၀ ပါ Check Lists များဖြင့် ကျန်းမာရေးနှင့်အညီဆောင်ရွက်ထားမှုများကို စစ်ဆေးထားပြီဖြစ်သည်။
ထိုသို့စစ်ဆေးထားရာတွင် ကျောင်းပေါင်း ၆,၉၀၀ ကျော်က ကျန်းမာရေးအဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသာ်လည်း လက်ရှိတွင် ကျောင်းပေါင်း ၄,၆၀၀ ကျော်ကိုသာ ဖွင့်ခွင့်ပေးထားသည်။ ကျန်ရှိနေသည့် ကျောင်းပေါင်း ၂,၅၀၀ ခန့်က တစ်လနီးပါးခန့်ကြာမြင့်လာပြီးသော်လည်း ဖွင့်ခွင့် မရရှိသေးပေ။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကနဦးဖွင့်လှစ်ခဲ့သော အထက်တန်းကျောင်းများ ၏ အခြေအနေကို စောင့်ကြည့်၍ ကျန်ရှိသေးသည့် အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်း များ နှင့် မူလတန်းကျောင်းများကို အဆင့်ဆင့်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြဂုတ်လဒုတိယ အပတ်တွင်းပြုလုပ်ခဲ့သော အွန်လိုင်းတိုက်ရိုက် ဆွေးနွေးမှုတစ်ခု၌ ထည့်သွင်း ပြောကြားခဲ့သည်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<
ဖွင့်ခွင့်မရရှိသေးသည့် အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ကိုဗစ် ဗဟိုကော်မတီကို တင်ပြထားဟု ဆို
Tuesday, August 18, 2020
Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကျန်းမာရေး လမ်းညွှန်းချက်များနှင့် ဆောင်ရွက်ထားနိုင်သော်လည်း ဖွင့်ခွင့်မရရှိသေးသည့် အထက်တန်းကျောင်းများ အမြန်ဆုံးဖွင့် လှစ်နိုင်ရန် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။
ကိုဗစ်ရောဂါကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး နောက်ကျနေသည့်အတွက် ပြီးခဲ့သော ဇူလိုင် ၂၂ရက်က အထက်တန်းအဆင့်ကျောင်းတစ်ချို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်စေ၍ ဖွင့်လှစ်ခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းကျောင်း ၇၂၀၀ ခန့် ရှိသည့်အနက် ကျောင်းပေါင်း ၇၁၁၀ ကျော်ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချက် ၈၀ ပါ Check Lists များဖြင့် ကျန်းမာရေးနှင့်အညီဆောင်ရွက်ထားမှုများကို စစ်ဆေးထားပြီဖြစ်သည်။
ထိုသို့စစ်ဆေးထားရာတွင် ကျောင်းပေါင်း ၆,၉၀၀ ကျော်က ကျန်းမာရေးအဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသာ်လည်း လက်ရှိတွင် ကျောင်းပေါင်း ၄,၆၀၀ ကျော်ကိုသာ ဖွင့်ခွင့်ပေးထားသည်။ ကျန်ရှိနေသည့် ကျောင်းပေါင်း ၂,၅၀၀ ခန့်က တစ်လနီးပါးခန့်ကြာမြင့်လာပြီးသော်လည်း ဖွင့်ခွင့် မရရှိသေးပေ။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကနဦးဖွင့်လှစ်ခဲ့သော အထက်တန်းကျောင်းများ ၏ အခြေအနေကို စောင့်ကြည့်၍ ကျန်ရှိသေးသည့် အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်း များ နှင့် မူလတန်းကျောင်းများကို အဆင့်ဆင့်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြဂုတ်လဒုတိယ အပတ်တွင်းပြုလုပ်ခဲ့သော အွန်လိုင်း တိုက်ရိုက် ဆွေးနွေးမှုတစ်ခု၌ ထည့်သွင်း ပြောကြားခဲ့သည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment