Monday, August 17, 2020

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတင်သွင်းမှု အစစ်ဆေးခံစဉ် အများနည်းတူ မဟုတ်သဖြင့်ဝေဖန်မှုအချို့ရှိ

ပဲခူးတိုင်းဒေသကြီး၀န်ကြီးချုပ်ဦး၀င်းသိန်း သည် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားမှုအတွက် စစ်ဆေးခံရစဉ် အခြားကိုယ်စားလှယ်လောင်းလျှောက်ထားသူများနည်းတူအစစ်ဆေးမခံပဲ အထူးပုဂ္ဂိုလ်တစ်ဦးပုံစံအစစ်ဆေးခံခဲ့သဖြင့်ဝေဖန်မှုအချို့ရှိခဲ့ကြောင်းသိရသည်။
"ကိုယ်စားလှယ်လောင်းလျှောက်တာကို အစစ်ခံတာအားလုံးတန်းတူဖြစ်သင့်တယ်။ငါကသမ္မတ၊ငါ၀န်ကြီးချုပ်ဆိုပြီး အထူးပုဂ္ဂိုလ်လို့အစစ်ခံလို့မရဘူး။ အခု အစစ်ခံမယ်ဦးဝင်းသိန်းက ကော်မရှင်ဥက္ကဌ ထိုင်ခုံမှာထိုင်ပြီး၊ ကော်မရှင်ဥက္ကဌက ဘေးမှာ ရပ်စစ်ဆေးတယ်ဆို့တာတော့မကောင်း။ဒီလိုလုပ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှုနည်းစေနိုင်တယ်။နိုင်ငံတော်အတိုင်ပင်ခံ လဲဒီလိုမလုပ်ဘူး။ ဒီဘာမဟုတ်တာလေးတောင်အာဏာအခွင့်အရေးသုံးနေရင် ရွေးကောက်ပွဲမှာ ဘယ်လောက်သုံးမလဲဆိုတာမပြောတက်ဘူး။"ဟု တောင်ငူမြို့ ခံနိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
ကော်မရှင်အနေဖြင့် ကိုယ်စားလှယ်လောင်းလျှောက်ထားသူ အားလုံးကိုတန်းတူစစ်ဆေးကြောင်း၊မည်သူကို မှ အထူးပုဂ္ဂိုလ်တစ်ပုံစံမျိုးဖြင့်စစ်ဆေးခဲ့ခြင်းမရှိကြောင်း တောင်ငူခရိုင်‌ေရွးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးစောဌေးကပြောသည်။
"ကျနော်တို့လည်းအများနည်းတူအစစ်ဆေးခံပါတယ်။ ဦး၀င်သိန်း ကို ဘယ်လိုပုံစံနဲ့ စစ်ဆေးတာဆိုတာတော့မသီဘူး။ သူက ကော်မရှင် ဥက္ကဌ ရဲ့ ထိုင်ခုံမှာ ထိုင်ပြီး ကော်မရှင် ဥက္ကဌ ကရပ်ပြီးနေတာတော့ ဓါတ်ပုံထဲမှာတွေရပါတယ်။"ဟု တောင်ငူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေမှ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ဦးမောင်မောင်စိုးကပြောသည်။
ပဲခူးတိုင်းဒေသကြီးဦး၀င်းသိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရေတာရှည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်‌ေမြအမှတ်(၁)၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။
တောင်ငူ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်နိုင်ငံရေးပါတီပေါင်း(၁၅)ခုကို ကိုယ်စားပြုသူ (၁၁၇)ဦး နှင့် တစ်သီးပုဂ္ဂလ (၁)ဦးတို့က မဲဆန္ဒနယ်မြေအသီးသီး၌ ရွေးကောက်ပွဲ၀င်ရန် လျှောက်ထားခဲ့ကြကြောင်းသိရသည်။
Crd : Today Z

0 comments:

Post a Comment