Monday, August 10, 2020

သဃ်န်းညီနောင်တွင် လက်လုပ်မိုင်းဟု ယူဆရသောအရာအား တွေ့ရှိသိမ်းဆည်းရမိ

သဃ်န်းညီနောင်ကျေးရွာ၊ အထက်တန်းကျောင်းအနီးရှိ ကျွန်းပင်တစ်ပင်တွင် လက်လုပ်မိုင်းဟု ယူဆရသောအရာအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဩဂုတ်လ(၈)ရက်နေ့၊ နေ့လည်(၀၂:၄၅)နာရီခန့်က မြဝတီမြို့နယ်၊ သဃ်န်းညီနောင်ကျေးရွာအထက်တန်းကျောင်းအနီး၊ သဃ်န်းညီနောင်-ဝှေ့ရှမ်းသွားကားလမ်းဘေးရှိ ကျွန်းပင်၏ အမြင့်(၁၀)ပေခန့်တွင် လက်လုပ်မိုင်းဟု ယူဆရသောအရာ(၂)ခုအား တွေ့ရှိကြောင်း သတင်းအရ ယင်းနေ့ ညနေ(၀၃:၀၀)နာရီအချိန်တွင် သဃ်န်းညီနောင်နယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်မင်းမင်းဇော် ဦးစီးအဖွဲ့၊ သဃ်န်းညီနောင်အခြေချစစ်ဗျူဟာမှ စစ်ဦးစီးတတိယတန်း ဗိုလ်ကြီး မျိုးသက်ခန့်နှင့်ရှေ့တန်းအမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဦးစီးတတိယတန်း ဗိုလ်ကြီးအောင်စိုးမိုး၊ နယ်မြေခံ စစ်အင်ဂျင်နီယာအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့ရာ
အနက်ရောင် YT 199D အမျိုးအစား GSM ဖုန်းအထိုင်ခုံဟောင်း(၁)ခု (ဘက်ထရီ၊ မှတ်ဉာဏ်ကတ်-မပါ) ခရမ်းရောင် CCTV ကင်မရာခေါင်း အဟောင်း(ပျက်)(၁)ခုတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ဗက မျိုးသက်ခန့် ဦးစီးအဖွဲ့မှ ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်းသိရသည်။
Crd : မြတ်ကို-ဒေါနမြေ

0 comments:

Post a Comment