Friday, August 21, 2020

ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်း ဆောင်ရွက်

ရေဘေးကြောင့် တိမ်းရှောင်ရောက်ရှိနေသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က တပ်မတော်သားများက ဆောင်ရွက်ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဩဂုတ် (၂၁)ရက် နံနက်ပိုင်းမှစ၍ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ခေတ္တစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်ခိုင်ထွန်း ၏လမ်းညွှန်မှုဖြင့် အမှတ်(၁) စစ်မြေပြင် ဆေးတပ်ရင်းအမှတ်(၃) တပ်ခွဲမှ ဗိုလ်ကြီးခန့်ဇော် ဦးစီးသော ဆေးအဖွဲ့(၂)ဖွဲ့ သည် အဖွဲ့များခွဲ၍ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖြစ်သော နန့်ရင်းရပ်ရှိတရုတ်ဘုံကျောင်း၊ အလယ်ရပ်ရှိ မြို့နာမ်စေတီဓမ္မာရုံ၊ အရှေ့ရပ်ရှိ အရှေ့ရပ်ဓမ္မာရုံတို့ရှိ ရေဘေးကြောင့် တိမ်းရှောင်ရောက်ရှိနေသော အိမ်ထောင်စု(၄၂)စုမှလူဦးရေ (၂၂၆)ဦးအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းကို ဆောင်ရွက်ကြသည်။
အဆိုပါ ရေဘေးတိမ်းရှောင် ပြည်သူများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင် ဦးစီးအဖွဲ့မှလည်း ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် လဘက်ထုတ်များကိုဝေငှပေးကြောင်း သိရသည်။
>>zawgyi<<

0 comments:

Post a Comment