Monday, August 10, 2020

ဝေါမြို့တွင် မြို့ဝင်ကြေး(၂၀၀)ပေးဆောင်မှုနှင့်ပတ်သက်ပြီး ငွေကောက်ဝန်ထမ်းနဲ့ ခရီးသည်ရိုက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ဝင်ကြေး(၂၀၀)ပေးဆောင်တာနဲ့ပတ်သက်ပြီး ငွေကောက်ခံတဲ့ဝန်ထမ်းတွေနဲ့ ခရီးသည်(၄)ယောက်တို့ ရိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဝေါမြို့မရဲစခန်းက သိရပါတယ်။
"ယာဉ်မောင်းတဲ့သူနဲ့ ဂိတ်က ကလေးတွေဖြစ်တာ ဆိုးဆိုးဝါးဝါးတော့မဖြစ်ဘူး။ အဓိကတော့ ဘီးခွန် ကောက်ထားတဲ့ချလံလေးရှိတယ်ပြောတယ်။ အဲဒီချလံလေးရှာနေတာကြာတဲ့အချိန် စကားများပြီးဖြစ်တာ။ အမှုကတော့ အပြန်အလှန်ဖွင့်ထားတယ်။"လို့ ဝေါမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ရဲစိုးက O Media ကို ပြော ပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၊ ဝေါမြို့အဝင် မြို့ဝင်ကြေးဘီးခွန်ကောက်တဲ့ဂိတ်မှာ သြဂုတ်(၈)ရက်၊ ညကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ Suzuki ကားပေါ်ပါ လူငယ်(၄)ယောက်နဲ့ မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်ဝန်ထမ်း(၂)ယောက်တို့ အပြန်အလှန်ဆဲဆိုစကားများကြပြီး ရိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မြို့ဝင်ဂိတ်ဝန်ထမ်းတစ်ယောက်က ခရီးသည်တစ်ယောက်ကို သံပိုက်လုံးနဲ့ ဦးခေါင်းကိုရိုက်ခဲ့ပြီးလို့ ဦးခေါင်းပေါက်ပြဲဒဏ်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဝေါမြို့မရဲစခန်းမှာ ဆဲဆိုနာကျင်စေမှုတွေနဲ့ အပြန်အလှန်အမှုဖွင့်ထားတယ်လို့ ဝေါမြို့မရဲစခန်းက သိရပါတယ်။
Crd : O Media

0 comments:

Post a Comment