Tuesday, August 4, 2020

လက်ရှိမဲစာရင်းမှားယွင်းမှုတွေအပေါ် ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်အပြည့်အဝရှိကြောင်း မင်းကင်းအမတ် ဦးမောင်မြင့်ပြောဆို ထောက်ပြ

လက်ရှိ မဲစာရင်းမှားယွင်းမှုတွေအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ တာဝန်အပြည့်အဝရှိကြောင်း မင်းကင်းအမတ် ဦးမောင်မြင့်က ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ဝေဖန်ထောက်ပြ ပြောဆိုလိုက်သည်။
ယနေ့ သြဂုတ်လ ၄ ရက်၌ ဆိပ်ကမ်းမြို့နယ်ရှိ sdp ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်းကင်းအမတ်ဦး မောင်မြင့်က "ကျွန်တော့်မိတ်ဆွေထဲမှာဆိုရင် မဲစာရင်းမပါတာတွေရှိတယ်။ ဦးသိန်းညွန့်ဆိုရင် ဒါသေသွားတဲ့သူ့ဇနီးက ပါပီးသူကမပါဘူး။ ထိုနည်းအတိုင်းပဲ ကျွန်တော့်မိတ်ဆွေထဲကသူပြောတာဆိုရင် တိုက် ၇ လုံးလောက်မဲ စာရင်းပျောက်သွားတယ်။ ဒါတွေဟာ uec မှာ တာဝန်မရှိဘူးဆိုတာ ကျွန်တော်သဘောမတူဘူး။ ကန့်ကွက်တယ်။ မဲစာရင်းမှန်ကန်ရေးက uec မှာ တာဝန်အပြည့်အဝရှိတယ်"ဟု ပြောကြားလိုက်တာဖြစ်ပါတယ်။

0 comments:

Post a Comment